လေယာဉ်တင် သင်္ဘောကြီးတစ်စင်း ဦးဆောင်တဲ့ အမေရိကန်၏ တိုက်ရေယာဉ်အုပ်စု ကိုရီးယားကျွန်းဆွယ်သို့ ဦးတည်ခုတ်မောင်း

လေယာဉ်တင် သင်္ဘောကြီးတစ်စင်း ဦးဆောင်တဲ့ အမေရိကန်၏ တိုက်ရေယာဉ်အုပ်စု ကိုရီးယားကျွန်းဆွယ်သို့ ဦးတည်ခုတ်မောင်း

ဧပြီ ၁၀ ။                 ။ မြောက်ကိုရီးယား၏ နျူလက်နက် အစီအစဉ်များကို ထိန်းချုပ်ဟန့်တားလိုနေပြီး ယခုလက်တွေ့ အင်အားပြသည့်အနေဖြင့် လေယာဉ်တင်သင်္ဘောကြီးတစ်စင်း ဦးဆောင်သော တိုက်ရေယာဉ်အုပ်စုတစ်စုကို ကိုရီးယားကျွန်းဆွယ်သို့ စေလွှတ်ထားကြောင်း အမေရိကန် ရေတပ်က ပြောသည်။

ယခု တိုက်ရေယာဉ်အုပ်စု စေလွှတ်မှုနှင့်အတူ သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့်လည်း မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုများကို ဟန့်တားနိုင်မည့် နည်းလမ်းများကို ရှာဖွေနေလျက်ရှိကြောင်းလည်း သိရသည်။

လောလောလတ်လတ်ကမှ ဆီးရီးယားကို ဒုံးကျည်တိုက်ခိုက်မှုဖြင့် အမေရိကန် စစ်ရေးအရ အရေးယူထားပြီးချိန် ယခုကဲ့သို့ ကိုရီးယားကျွန်းဆွယ်သို့ စစ်သင်္ဘောအုပ်စု စေလွှတ်ခြင်းက ဒေသတွင်း တင်းမာမှုများကို ပိုမိုတင်းမာလာနိုင်ဖွယ်လည်း ရှိနေပြီ ဖြစ်သည်။

အဆိုပါ ဆီးရီးယားအပေါ် အမေရိကန်တို့၏ တိုက်ခိုက်ခဲ့ခြင်းသည်လည်း နျူလက်နက်အစီအစဉ်များ ဖြုတ်သိမ်းရန်ခေါင်းမာနေသော ပြံုယမ်းအစိုးရအပေါ်တစ်ဘက်လှည့် သတိပေးလိုက်ခြင်းလည်း ဖြစ်နိုင်ကြောင်း အဓိပ္ပါယ်ကောက်ယူနိုင်မည် ဖြစ်သည်။

အမေရိကန်တို့၏ ဆီးရီးယားတိုက်ခိုက်မှုကိုမူ မြောက်ကိုရီးယားအာဏာပိုင်များက ပြစ်တင်ရှုတ်ချသွားခဲ့ပြီး ယင်းမှာ လက်ခံနိုင်စရာ မရှိသော လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း ထုတ်ဖော်ဝေဖန်ခဲ့သည်။

" အမေရိကန် ပစိဖိတ် ကွပ်ကဲမှုဌာနအနေနဲ့ ဒီ တိုက်ရေယာဉ်အုပ်စုကို မြောက်ပစိဖိတ်ဒေသမှာ အသင့်အနေအထားနဲ့ ရှိနေစေဖို့ ညွှန်ကြားထားခဲ့ပါတယ်" ဟု အမေရိကန်တို့ရဲ့ ပစိဖိတ်ကွပ်ကဲမှုဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေ့ဗ် ဘန်ဟမ်းက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly