ကူညီကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်နေသည့် ကိုလံဘီယာမြေပြိုမှု သေဆုံးသူ ၃၀၀ ကျော်သွားပြီ

ကူညီကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်နေသည့် ကိုလံဘီယာမြေပြိုမှု သေဆုံးသူ ၃၀၀ ကျော်သွားပြီ

ဘိုဂိုတာ၊ ဧပြီ ၁၀ ။       ။ ကိုလံဘီယာနိုင်ငံ တောင်ပိုင်း မိုကိုယာမြို့တွင် ဖြစ်ပွားသော ရေကြီးမြေပြိုမှုများ၌ သေဆုံးသူ ဦးရေသည် ဧပြီ ၈ ရက်အထိ ၃၁၄ ဦးရှိသွားပြီး ပျောက်ဆုံးနေသူမှာ ၁၀၆ ဦးရှိကြောင်း ဌာနေအာဏာပိုင်များက ပြောသည်။

သဘာဝဘေးသင့်ရာ ယင်းဒေသတို့ လူသားချင်းစာနာထောက်ထားရေးနှင့် အကူအညီများ မည်သို့ဆောင်ရွက်နေသည်ကို သမ္မတ ဂျူအန်မန်နျူရယ်ဆန်တို့စ် လာရောက်ကြည့်ရှုသည့် နေ့တွင် အာဏာပိုင််များက ပြောခြင်းဖြစ်သည်။

“သေဆုံးစာရင်းက ၃၁၄ ဦးပါ။ အားလုံးကိုလည်း အလောင်းခွဲစိတ်စစ်ဆေးပြီးပါပြီ။ ရုပ်အလောင်း ၂၄၉ လောင်းကို မိသားစုဆွေမျိုးတွေထံ လက်လွှဲပေးပြီး ၂၉ လောင်းက သင်္ဂြိုဟ်ပြီးစီးပါပြီ။ ပျောက်ဆုံး အရေအတွက်က အရင်က ၁၇၃ ဦးလို့ တွက်ထားတာက ၁၀၆ ဦးရှိတာဖြစ်ပါတယ်။”ဟု သမ္မတက ပြောသည်။

ကယ်ဆယ်ကူညီရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သဘာဝဘေးသင့် မိသားစုပေါင်း ၄၆၆၈ စုအတွက် အစားအစာ ၈၂ တန်နှင့် ရေ တန် ရ၀ ပို့ဆောင်ကူညီထားသည်။

မြေပြိုရေကြီးမှုဖြစ်ရာ မိုကိုယာမြို့ကို လှည့်လည်ကြည့်ရှုပြီးနောက် ကျန်းမာရေးပြုစုမှုများ ဆောင်ရွက်ချက်များ ကောင်းမွန်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းများကို ဆက်လက်လုပ်ဆောင်သွားရန်နှင့် လက်ရှိတွင် ၁၈၄၇၀ ဦးအထိ ကာကွယ်ဆေးထိုးပေးပြီးပြီဖြစ်ကြောင်း သမ္မတ ဆန်တို့စ်က ပြောသည်။

မတ် ၃၁ ရက် ညက မိုကိုယာမြို့တွင် မိုးသည်းထန်စွာရွာ၍ ရေကြီးမှုများ ဖြစ်ပေါ်ကာ မြို့ကို ဖြတ်သန်းစီးဆင်းနေသော မြစ်သုံးစင်းတွင် မြစ်ရေလျှံမှုများ ဖြစ်ရာမှ ရွံ့မြေပြိုကျမှုကြီး တစ်ရပ််   ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly