စာချုပ်သစ် လက်မှတ်မထိုးလျှင် ရောင်းချခံရမည်ဟု ဘာကလေကို ကိုးမန်းသတိပေး

စာချုပ်သစ် လက်မှတ်မထိုးလျှင် ရောင်းချခံရမည်ဟု ဘာကလေကို ကိုးမန်းသတိပေး

ဧပြီ ၁၀၊ လီဗာပူးလ်။         ။ အဲဗာတန်ကွင်းလယ်ကစားသမား ရော့စ်ဘာကလေအနေဖြင့် စာချုပ်သစ်လက်မှတ်မထိုးလျှင် ရောင်းချခံရမည်ဖြစ်ကြောင်း နည်းပြ ရော်နယ်ကိုးမန်းက သတိပေးလိုက်သည်။

လက်စတာကို ၄-၂ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် လူကာကူသွင်းယူသည့် ပထမဂိုးနှစ်ဂိုးကို ဖန်တီးပေးခဲ့သည့် အသက် ၂၃ အရွယ် ကစားသမားသည် စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့သည်။

“ကျွန်တော်တို့သူ့ကို စာချုပ်သစ်ကမ်းလှမ်းထားပြီးဖြစ်လို့ ဖြစ်နိုင်ချေ နှစ်မျိုးရှိပါတယ်။ တစ်ခုက သူစာချုပ်သစ်ကို လက်မှတ်ထိုး ဖို့ပါ။ လက်မမှတ်မထိုးဘူးဆိုရင်တော့ ရောင်းချခံရပါမယ်။ ရိုးရိုးလေးပါပဲ။ ကျွန်တော့်အတွက် ဘာမှမခက်ပါဘူး”ဟု ကိုးမန်းက ပြောသည်။

လီဗာပူးလ်ဇာတိ အင်္ဂလန်လက်ရွေးစင်ကစားသမားသည် လက်ရှိရာသီပြိုင်ပွဲစုံတွင် အဲဗာတန်အတွက် ငါးဂိုးသွင်းပြီး ရှစ်ဂိုး ဖန်တီးပေးထားသည်။

ပရီးမီးယားလိဂ်တွင်ဂိုးအများဆုံးအဖြစ် ၂၃ ဂိုးသွင်းထားသည့် အဲဗာတန်အသင်းဖော် လူကာကူသည်လည်း တစ်ပတ်ပေါင်  ၁၄၀, ၀၀၀ ခန့်ရနိုင်သည့်ငါးနှစ်စာချုပ်သစ်ကိုလက်မှတ်ထိုးရန် ပြီးခဲ့သည့်လက ပယ်ချထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly