လူ ၄၃ ဦး သေဆုံးသည့် ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရပြီးနောက် အီဂျစ်တွင် အရေးပေါ်အခြေအနေ သုံးလကြေညာ

လူ ၄၃ ဦး သေဆုံးသည့် ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရပြီးနောက် အီဂျစ်တွင် အရေးပေါ်အခြေအနေ သုံးလကြေညာ

ကိုင်ရို၊ ဧပြီ ၁၀ ။              ။ အီဂျစ်တွင် လူပေါင်း အနည်းဆုံး ၄၃ ဦး သေဆုံးသည့် နိုင်ငံမြောက်ပိုင်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှစ်ကျောင်း ဗုံးခွဲခံရမှုများဖြစ်ပွားပြီးနောက်တွင် သမ္မတ ဖာတက်ရှ်အယ်လ်စီစီက နိုင်ငံတော်အရေးပေါ် အခြေအနေ သုံးလ သတ်မှတ်ပြဌာန်းလိုက်သည်။

ထိုပြင် သေကျေပျက်စီးမှုများ ဖြစ်စေမည့် တိုက်ခိုက်မှုများကို ကာကွယ်ရေးအတွက် ပြည်နယ်တိုင်း၌ တပ်စုထားကြရန်လည်း စစ်တပ်ကို သမ္မတက အမိန့်ထုတ်သည်။ ယင်းသို့ အရေးပေါ်အခြေအနေ   ပြဌာန်းလိုက်ခြင်းက အာဏာပိုင်များအနေဖြင့် လူများကို ဖမ်းဆီးခြင်း၊ အိမ်များအား ၀င်ရောက်ရှာဖွေခြင်းများကို ၀ရမ်းမရှိဘဲ ပြုလုပ်နိုင်မည်ဖြစ်သည်။

အီစတာပွဲတော် မတိုင်မီ တနင်္ဂနွေတွင် ကျင်းပလေ့ရှိသည့် သခင်ယေရှု ဂျေရုဆလင်သို့ ရောက်ရှိအောင်မြင်မှု ရရှိသည့် အထိမ်းအမှတ်ပွဲတော် Palm Suday ဘာသာရေးအခမ်းအနားကို ဧပြီ ၉ ရက်က ကျင်းပနေစဉ် ဘုရားကျောင်း နှစ်ခု၌ ဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

တန်နာမြို့က Mar Girgis ဘုရားရှိခိုးကျောင်းနှင့် အလက်ဇန္ဒြားမြို့က St. Mark’s Cathedral ဘုရားရှိခိုးကျောင်းတို့တွင် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား၍ အနည်းဆုံး လူ ၄၃ ဦးသေဆုံးကြောင်း အီဂျစ်ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအသေအပျောက်စာရင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည််။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုများကို ၎င်းတို့ကျုးကျော်ကြောင်း အိုင်အက်စ်အဖွဲ့က ကြေညာသည်။ ယင်းကြေညာချက်ကို အိုင်အက်စ်နှင့် ချိတ်ဆက်သည့် Amaq သတင်းဌာနက အွန်လိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ယင်းထုတ်ပြန်ချက်အား ထောက်ခံသူများက လူမှုမီဒီယာများတွင် အများအပြား ဖြန့်ဝေခြင်းများ ပြုလုပ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly