ဆုဖလားအနံ့အသက်ကို မရသေးဟု ချယ်လ်ဆီးနည်းပြ ကွန်တီဆို

ဆုဖလားအနံ့အသက်ကို မရသေးဟု ချယ်လ်ဆီးနည်းပြ ကွန်တီဆို

ဧပြီ ၉၊ အင်္ဂလန် ။               ။ ချယ်လ်ဆီးအသင်းက ဘုန်းမောက်အသင်းကို ၁-၃ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်ပြီးဆုံးရန် ရ ပွဲသာ လိုတော့သော်လည်း ချယ်လ်ဆီးနည်းပြ ကွန်တီက ဆုဖလားအနံ့အသက်ကို မရသေးကြောင်း ပြောဆိုလိုက်သည်။

လက်ရှိတွင် ချယ်လ်ဆီးအသင်းမှာ ဒုတိယနေရာမှ စပါးအသင်းကို ရ မှတ်ဖြတ်ထားနိုင်ဆဲဖြစ်ပြီး ချန်ပီယံဆုကြီးကို ရရှိရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။

သို့သော် ကွန်တီက ‘ကျွန်တော်တို့ ချန်ပီယံအနံ့အသက်ကို မရသေးပါဘူး။ ပြိုင်ပွဲပြီးဆုံးဖို့က ရ ပွဲတောင် ကျန်ပါသေးတယ်။ ကျန်နေသေးတဲ့ ကျွန်တော်တို့အသင်းရဲ့ပွဲစဉ်ဇယားက မလွယ်ကူပါဘူး။ အရေးအကြီးဆုံးကတော့ တစ်ပွဲချင်း ရလဒ်ကောင်းတွေ ရယူသွားနိုင်ဖို့ပါ။

ပဲလေ့စ်နဲ့ပွဲမှာ ကျွန်တော်တို့ မရှုံးသင့်ပဲ ရှုံးခဲ့ရပါတယ်။ မန်စီးတီး၊ ဘုန်းမောက်တို့နဲ့ကစားတဲ့ပွဲတွေမှာလည်း အမှတ်တွေလျော့သွားနိုင်တယ်ဆိုတာ သိပေမယ့် ၂ ပွဲလုံး အနိုင်ရအောင် ကစားနိုင်ခဲ့ပါတယ်။ နောက်ပွဲတွေမှာလည်း ဒီပုံစံအတိုင်း အာရုံစူးစိုက်မှု အပြည့်နဲ့ကစားသွားဦးမှာပါ။

စပါးအသင်းက ချန်ပီယံဆုကို အလွန်လိုချင်နေပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ရာသီက ရာသီပြီးဆုံးချိန်အထိ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ခဲ့တယ်ဆိုတာကို မမေ့ပါနဲ့။ 

ဖိအားရှိနေတာကို ကြိုက်ပါတယ်။ ဖိအားရှိမှ ကိုယ့်ရဲ့အကောင်းဆုံးအရည်အချင်းတွေ ထွက်ပေါ်လာနိုင်တာပါ’ ဟု ပြောဆိုခဲ့သည်။

ဘုန်းမောက်ကို အနိုင်ရခဲ့သည့်ပွဲတွင် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့သည့် ဟက်ဇက်သည် ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ ဂိုးရှိသွားပြီ ဖြစ်သည်။ ထိုစံချိန်မှာ ချယ်လ်ဆီးတွင် ၎င်းတင်ရှိထားသည့် အကောင်းဆုံးစံချိန်ဖြစ်ပြီး စံချိန်တင်ရန် အခွင့်အရေးရှိနေပြီ ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly