လာကာဇက်တီကို လိုချင်သည့် အသင်းများထဲတွင် မန်စီးတီးလည်း ပါဝင်လာ

လာကာဇက်တီကို လိုချင်သည့် အသင်းများထဲတွင် မန်စီးတီးလည်း ပါဝင်လာ

ဧပြီ ၉၊ မန်ချက်စတာ။             ။ ပေါင်သန်း ၄၀ တန် လာကာဇက်တီကို လိုချင်နေသည့် အသင်းများထဲတွင် မန်ချက်စတာစီးတီးအသင်းလည်း ပါဝင်လာသည်။

လိုင်ယွန်တိုက်စစ်မှူးသည် နွေရာသီတွင် ရောင်းချခံရဖွယ် ရှိနေပြီး ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးကို မန်စီးတီးအသင်းက အီတီဟတ်သို့ခေါ်ယူလိုနေသည်။

လက်ရှိ ရာသီဂိုး ၃၀ ပြည့်သွားသည့် အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးကို အာဆင်နယ်အသင်းကလည်း ကာလရှည်ကတည်းက စိတ်ဝင်စားလာခဲ့သည်။

အက်သလက်တီကိုမက်ဒရစ်အသင်းကလည်း အာဆင်နယ်နှင့် စာချုပ်ကိစ္စ အဆင်မပြေသည့် ဆန်းချက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းမှု မအောင်မြင်ပါက လာကာဇက်တီကို ပြောင်းလဲကြိုးပမ်းဖွယ် ရှိနေသည်။

မန်စီးတီးနည်းပြပက်ဂွာဒီယိုလာသည် အသင်းကိုပြန်လည်တည်ဆောက်မှုအစိတ်အပိုင်းအဖြစ် လာကာဇက်တီကိုခေါ်ပြီး ၎င်း၏ဂိုးသွင်းစွမ်းရည်ကိုအသုံးချချင်နေသည်။

လာကာဇက်တီသည် စာချုပ်သက်တမ်း နှစ်နှစ်ကျန်သေးပြီး သက်တမ်းတိုးရန် ငြင်းဆန်ထားသည်။ ယင်းကြောင့် လိုင်ယွန် အသင်းအနေဖြင့် နွေရာသီတွင် ရောင်းချရဖွယ် ရှိနေခြင်းဖြစ်သည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly