ဘရာဇီးထောင်တစ်ခုရှိ အကျဉ်းသားခြောက်ဦး သေဆုံးမှု အာဏာပိုင်များ စုံစမ်းစစ်ဆေး

ဘရာဇီးထောင်တစ်ခုရှိ အကျဉ်းသားခြောက်ဦး သေဆုံးမှု အာဏာပိုင်များ စုံစမ်းစစ်ဆေး

ဧပြီ ၈ ။           ။ ဘရာဇီးနိုင်ငံ Amazonas ပြည်နယ် မြို့တော် Manaus ရှိ အကျဉ်းထောင်တစ်ခု၌ အကျဉ်းသားခြောက်ဦး သေဆုံးခဲ့မှုဖြစ်စဉ်ကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေလျက်ရှိသည်။ အဆိုပါ ပြည်နယ်တွင် ယခုနှစ်အစောပိုင်းကလည်း အကျဉ်းသားများ ရက်စက်စွာ သတ်ဖြတ်ခံထားခဲ့ရသည့် ဖြစ်စဉ်တစ်ခုလည်း ပေါ်ပေါက်ထားခဲ့သေးသည်။

ယခု အကျဉ်းသားများ သေဆုံးမှုမှာ ပြီးခဲ့သည့် ဧပြီ ရ ရက်က ဖြစ်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။ " ထောင်တွင်း ဆူပူမှုကြောင့် ဒီသေဆုံးမှုဖြစ်တာတော့မဟုတ်ပါဘူး" ဟု ပြည်နယ် အကျဉ်းထောင်များကို အုပ်ချုပ်နေသည့် အာဏာပိုင်အဖွဲ့ အကြီးအကဲတစ်ဦးက ပြောသွားသည်။

သေဆုံးသွားသည့် အကျဉ်းသားများမှာ အချုပ်ခန်းတစ်ခန်းချင်းစီတွင် သေဆုံးခဲ့ကြရသူများဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ဆက်လက်၍ အကျဉ်းသားများ သေဆုံးခဲ့ရသည့်အကြောင်းရင်းကို ၎င်းက ထုတ်ဖော်ပြောဆိုသွားခြင်း မရှိခဲ့ပေ။ ယခုအခါ ၎င်းအကျဉ်းသားများ မည်သည့်အကြောင်းရင်းကြောင့် သေဆုံးခဲ့ရသည်ဆိုသည့် သတင်းကို သက်ဆိုင်ရာ ဆွေမျိုးများက ထောင်ဗူးဝတွင် စောင်းဆိုင်းနေကြရကြောင်းလည်း သိရသည်။

ယခု သေဆုံးသွားသည့် အကျဉ်းသား ခြောက်ဦးထဲတွင် မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးလည်း ပါ၀င်ကြောင်း သိရသည်။

ယင်းနိုင်ငံတွင် ယခုနှစ်အစောပိုင်းနောက်ပိုင်း အကျဉ်းထောင်းများအတွင်း လူပေါင်း ၁၄၀ သေဆုံးခဲ့ရပြီး အများစုမှာ ထောင်တွင်း ပြိုင်ဘက်ဂိုဏ်းဂဏခွဲများအကြား ပဋိပက္ခ ရန်ပွဲများအတွင်း   သေဆုံးခဲ့ကြရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags