ဆီးရီးယားကို ထပ်မံ တိုက်ခိုက်သွားမည်ဟု လုံခြံုရေးကောင်စီ အစည်းအဝေးတွင် အမေရိကန် ခြိမ်းခြောက်ပြောဆို

ဆီးရီးယားကို ထပ်မံ တိုက်ခိုက်သွားမည်ဟု လုံခြံုရေးကောင်စီ အစည်းအဝေးတွင် အမေရိကန် ခြိမ်းခြောက်ပြောဆို

ဧပြီ ၈ ။           ။ ဆီးရီးယား လေတပ်စခန်းတစ်ခုကို ယမန်နေ့က အမေရိကန်တို့ ဒုံးကျည်နဲ့ ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး နောက်ထပ်လည်း ယင်းနိုင်ငံအပေါ် စစ်ရေးအရ ထပ်မံအရေးယူသွားဖို့ ရှိနေကြောင်း ကုလသမဂ္ဂ လုံခြံုရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ ၀ါရှင်တန် သံတမန်က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

နိုင်ငံမှာ ဓာတုလက်နက်သုံး တိုက်ခိုက်မှုကျူးလွန်ခဲ့တယ်လို့ ယုံကြည်ရတဲ့ ဆီးရီးယားအစိုးရကို တုန့်ပြန်အရေးယူတဲ့အနေနဲ့ အမေရိကန်တို့ လေတပ်အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဆီးရီးယားအစိုးရ လုပ်ဆောင်ခဲ့တယ်လို့ယူဆရတဲ့ ဓာတုလက်နက်တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သား ရ၂ ထက်မနည်းသေဆုံးခဲ့ရပါတယ်။

ယခုအခါ ယင်းလက်တုန့်ပြန် တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရုရှရဲ့ တောင်းဆိုမှုနဲ့ ကုလသမဂ္ဂ လုံခြံုရေးကောင်စီ အထူးအရေးပေါ် အစည်းအဝေးကို ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။

ယင်းအစည်းအဝေးမှာတော့ ဆီးရီးယားတို့အပေါ် နောက်ထပ် စစ်ရေးနည်းအရ ထပ်မံအရေးယူနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန် နစ်ကီ ဟယ်လေက ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ " ကျွန်မတို့ အမေရိကန်အနေနဲ့ မနေ့ညက တကယ့်ကို အရေးကြီးတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ပြီးပါပြီ၊ ဆီးရီးယားကို ဒီထက် ထပ်ပြီး အရေးယူတိုက်ခိုက်သွားဖို့ ပြင်ဆင်နေပါတယ်၊ ဒါပေမယ့် ဒီလိုထပ်လို့ဖို့ မလိုအောင် ဆင်ခြင်နိုင်ကြလိမ့်မယ်လို့တော့ ကျွန်မတို့ဘက်က မျှော်လင့်ထားပါတယ်" လို့ သူမက ဆိုပါတယ်။

ဆီးရီးယားအပေါ် အရေးယူခဲ့တဲ့ အမေရိကန်တို့ရဲ့ လုပ်ရပ်ကို ရုရှ ဘက်က ယခု အစည်းအဝေးမှာ တိုက်ခိုက်ပြောဆိုသွားခဲ့ပါတယ်။ အမေရိကန်တို့အနေနဲ့ ယခုလို ဆီးရီးယားမှာ စစ်ရေးအရ တိုက်ခိုက်မှုတွေ ကျူးလွန်တာက နိုင်ငံတကာစည်းမျဉ်းဥပဒေတွေကို ချိုးဖောက်လိုုက်တာဖြစ်တယ်လို့ ကုလဆိုင်ရာ ရုရှတို့ရဲ့ ဒုတိယ သံအမတ် ဗလာဒီမာ ဆက်ဖရွန်ကော့ဗ်က ပြောဆိုသွားပါတယ်။

တစ်ဘက်မှာတော့ ဗြိတိန်သံတမန်ကတော့ ၎င်းတို့နိုင်ငံအနေနဲ့ ယခုကိစ္စမှာ အမေရိကန်ဘက်က အပြည့်အဝ ထောက်ခံရပ်တည်ထားတယ်လို့ ယင်းကောင်စီ အစည်းအဝေးမှာ ပြောဆိုသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags