နောက်ရာသီများတွင် ပိုကောင်းလာမည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာပြော

နောက်ရာသီများတွင် ပိုကောင်းလာမည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာပြော

ဧပြီ ၈၊ အင်္ဂလန် ။              ။ မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ၏ပထဆုံး ပရီးမီးယားလိဂ်ပွဲထွက်ရာသီမှာ ကောင်းမွန်ခြင်းမရှိခဲ့ကြောင်းဝန်ခံခဲ့ပြီး နောက်ရာသီများတွင် ပိုကောင်းလာမည်ဟု   ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းသည် ပွဲစဉ် ၃၁ တွင် ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ရပြီးနောက် အဆင့်လေးနေရာတွင် ရပ်တည်နေပြီး ပရီးမိးယားလိဂ်ချန်ပီယံမျှော်လင့်ချက်မှာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

‘နောက်ရာသီတွေမှာ ကျွန်တော်ပိုကောင်းလာဦးမှာပါ။ သေချာပါတယ်။ ဒီရာသီကတော့ ကျွန်တော့်အတွက် သင်ခန်းစာကောင်းတွေ အများကြီး ရရှိခဲ့ပါတယ်။

ဒီရာသီမှာ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့နဲ့ အဆင့်လေးအတွင်းဝင်ဖို့ တိုက်ခိုက်ခဲ့ရတာတွေမှာ လှပတဲ့အကြောင်းအရာတွေအများကြီးရှိခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် အမှန်အတိုင်းမြင်ဖို့လိုအပ်ပါတယ်။ ဒီရာသီက မန်စီးတီးအတွက် တကယ်ကို လုံလောက်မှုမရှိပါဘူး’  ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

မန်စီးတီးအသင်းမှာ ယခုနှစ်ရာသီတွင် အက်ဖ်အေဖလားတစ်လုံးသာ ရရှိရန် မျှော်လင့်ချက်ရှိတော့သည်။ နည်းပြဂွါဒီယိုလာ၏ နည်းပြသက်တမ်းတစ်လျှောက်တွင် ဆုဖလားမရသည့်နှစ်တစ်နှစ်မှ မရှိခဲ့ပေ။

ရည်ညွှန်း ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly