ဘင်္ဂါလီဒုက္ခသည် ပြဿနာ ထပ်ဖြစ်လာခဲ့မယ်ဆိုရင် နှစ်နိုင်ငံအကြား နယ်စပ်ကို ပိတ်ရန် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့ ဆွေးနွေးဆုံးဖြတ်မည်

ဘင်္ဂါလီဒုက္ခသည် ပြဿနာ ထပ်ဖြစ်လာခဲ့မယ်ဆိုရင် နှစ်နိုင်ငံအကြား နယ်စပ်ကို ပိတ်ရန် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့ ဆွေးနွေးဆုံးဖြတ်မည်

ဧပြီ ရ ။            ။ မကြာသေးမီက ဖြစ်ထားခဲ့တဲ့ ဘင်္ဂါလီဒုက္ခသည်ပြဿနာ နောက်တစ်ကြိမ် ထပ်ဖြစ်လာခဲ့မယ် ဆိုရင်တော့ နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်တွေအားလုံးကို ပိတ်ထားဖို့ ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့အရာရှိတစ်ဦးက ပြောဆိုလိုက်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ခုလို ပြဿနာတစ်စုံတစ်ရာ ထပ်ဖြစ်လာမယ်ဆိုရင် နှစ်နိုင်ငံအကြား ထိစပ်နေတဲ့ နယ်စပ်တွေကို ပိတ်ထားဖို့အရေးကို ဆွေးနွေးသွားဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဘက်တာဝန်ရှိသူတွေအကြားလည်း သဘောတူညီထားပြီး ဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

ဧပြီ ၆ ရက်က ပြီးဆုံးခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် ခြောက်ရက်တာ အစည်းအဝေးတစ်ခုအပြီးမှာ ပြောဆိုရာမှာတော့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ် Anisur Rahman က " လိုအပ်ရင် လိုအပ်သလို နယ်စပ်ကို ပိတ်ထားဖို့နဲ့ သတင်းအချက်အလက်တွေ အပြန်အလှန် မျှဝေဖို့ နှစ်ဘက်စလုံးက သဘောတူထားပါတယ်၊ ဒါမှလည်း တရားမဝင် သွားလာနေထိုင်သူတွေကို တားဆီးပိတ်ဆို့နိုင်မှာဖြစ်ပါတယ်" လို့ ပြောသွားတာဖြစ်ပါတယ်။

" အပြန်အလှန် ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ ခုလိုလုပ်ဖို့ နှစ်ဘက်စလုံးက သဘောတူထားခဲ့ပါပြီ။ ဖြစ်ထားခဲ့တဲ့ ပြဿနာတွေ ထပ်ဖြစ်လာခဲ့မယ်ဆိုရင် မြန်မာဘက်က နယ်ခြားစောင့် တပ်ဖွဲ့တွေနဲဲ့့ ကျွန်တော်တို့ ချက်ချင်းဆက်သွယ်ပြီး နယ်စပ်တွေကို ပိတ်ဖို့ ဆွေးနွေးပါမယ်၊ ဒါပေမယ့်လည်း တရားမဝင် ၀င်ရောက်လာသူတွေကို တားဆီးနိုင်မှာဖြစ်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

အလားတူ ၂၀၁၆ အောက်တိုဘာလနောက်ပိုင်းကတည်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ တရားမဝင် ၀င်ရောက်လာခဲ့သော ဘင်္ဂါလီဦးရေ များပြားခဲ့ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသွားခဲ့ပါသေးတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရဲမှူးချုပ် မျိုးဆွေဝင်းကတော့ လက်ရှိ မြန်မာနိုင်ငံက အခြေအနေတွေကတော့ တည်ငြိမ်နေတယ်လို့ ပြောထားကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly