တောင်ပံကစားသမား လင်ဂတ်ကို မန်ယူအသင်း သက်တမ်းတိုး စာချုပ် ချုပ်ဆို

တောင်ပံကစားသမား လင်ဂတ်ကို မန်ယူအသင်း သက်တမ်းတိုး စာချုပ် ချုပ်ဆို
(ဓာတ်ပုံ - အီးပီအေ)

အင်္ဂလန်တောင်ပံကစားသမား လင်ဂတ်ကို အုုိးထရက်ဖို့ဒ်မှာ ၂၀၂၁ ခုနှစ်အထိ ဆက်ရှိနေစေမယ့် သက်တမ်းတိုးစာချုပ် တစ်ရပ်ကို ချုပ်ဆိုင်လိုက်ကြောင်း မန်ယူအသင်းက ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

လင်ဂတ် အသက်(၂၄)နှစ်ဟာ သက်တမ်းတိုးလိုက်တဲ့စာချုပ်အရ တစ်ပတ် ပေါင် ၁၀၀,၀၀၀ (ဒေါ်လာ ၁၂၅,၀၀၀) အထိ တိုးမြှင့်လာသလို ထပ်ဆောင်းအနေနဲ့ နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်ကိုပါ ကလပ်က သဘောတူစာချုပ်ခဲ့တယ်လို့ သိရပါတယ်။

"ကျနော် ရ နှစ်အရွယ်ကတည်းက ကလပ်နှင့်အတူ ရှိနေပြီး အမြဲတမ်း အသင်းဂျာစီကို ဆွဲကိုင်ကြည့်တိုင်း အကြီးအကျယ် ဂုဏ်ယူမိတယ်လို့ ခံစားမိပါတယ်။ ဖလားနှစ်လုံးရဲ့ ဖိုင်နယ်မှာ ၂ဂိုး သွင်ယူနိုင်ခဲ့တာဟာ ကျနော်နဲ့ ကျနော့်မိသားစုတွေအတွက် အလွန်ပဲ ဂုဏ်ယူမိတဲ့ အခိုက်အတန့်လေးဖြစ်ပါတယ်။"လို့ လင်ဂတ်က ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ မှတ်ချက်စကားပြောဆိုခဲ့ပါတယ်။

"အသင်းအနေနဲ့ ကျနော်တို့ ဒီရာသီမှာ အဓိကဖလား တစ်လုံး (EFL ဖလား) ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ကြီးကျယ်တဲ့ နည်းပြလက်အောက်မှာ ကျနော်တို့ကို နောက်ထပ် နိုင်ပွဲ အများအပြား ရရှိဖို့ ကူညီစွမ်းဆောင်နိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်"လို့ သူက ဆက်ပြောပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ပွဲထွက်ခွင့် ၄ ပွဲ ရရှိထားတဲ့ လင်ဂတ်ဟာ မန်ယူရဲ့ လူငယ်အကယ်ဒမီမှ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

လင်ဂတ်ဟာ ၂၀၁၄-၁၅ က အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဆွမ်ဆီးနဲ့ ကစားတဲ့ပွဲမှာ မန်ယူအသင်းအတွက် ပထမဦးဆုံး ပွဲဦးထွက်ခဲ့ပြီး အသင်းအတွက် ရ၁ ပွဲကစား၊ ၁၁ ဂိုး သွင်းယူထားပါတယ်။

©EFE_EPA
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly