စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ထိုင်းဘုရင် လက်မှတ်ထိုး

စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ထိုင်းဘုရင် လက်မှတ်ထိုး

ဧပြီ ၆ ။                 ။ စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ယခုအခါ ထိုင်းဘုရင်မင်းမြတ်က ဧပြီ ၆ ရက်တွင် လက်မှတ်ရေးထိုးပေးလိုက်ပြီ ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုအခါ ယင်း ဥပဒေအရ အစိုးရလုပ်ပိုင်ခွင့်အာဏာတွင် စစ်တပ်၏ ပါ၀င်ပတ်သက်မှုကို ပိုမိုအားကောင်းသွားစေခဲ့ပြီဖြစ်သလို သုံးနှစ်ကြာ စစ်အုပ်ချုပ်ရေးကာလနောက်ပိုင်း ရွေးကောက်ပွဲများ ကျင်းပနိုင်မည့် လမ်းကြောင်းကိုလည်း ပြန်လည်ဦးတည်စေခဲ့ပြီ ဖြစ်သည်။

ယခု ရေးဆွဲထားသော အခြေခံဥပဒေမှာ နိုင်ငံတွင် မငြိမ်မသက်ဖြစ်မှုများကို ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်ပြီး အကျင့်ပျက် ဥပဒေအမတ်များကို ရှင်းထုတ်နိုင်မည်ဖြစ်ကြောင်း စစ်တပ်က ပြောသည်။

သို့သော် ယင်း ဥပဒေအရ နိုင်ငံသားများအနေဖြင့် ကန့်သတ်ထိန်းချုပ်မှုများရှိထားသည့် ဒီမိုကရေစီ စနစ်တစ်ခုကိုသာ ရရှိလာလိမ့်မည်ဖြစ်ကြောင်း အတိုက်အခံအုပ်စုဘက်မှ တိုက်ခိုက်ပြောဆိုထားသည်။

ယခုအခါ ယင်း ဥပဒေကို ဘုရင် မဟာ ၀ီဇရာလောင်ကွန်းက လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။

" ဒီ ဖွဲ့စည်းပုံဥပဒေသစ်က နိုင်ငံမှာ အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးမှုတို့ကို တားဆီးရှင်းထုတ်နိုင်အောင် ရည်ရွယ်ရေးဆွဲထားတာဖြစ်ပါတယ်၊ အကျင့်ပျက်နိုင်ငံရေးသမားတွေ တက်မလာနိုင်အောင် လုပ်ထားတာပါ" ဟု ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာကလည်း ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly