မြိုင်၊ ဧပြီ ၆ ။ ။ ကျေးရွာအဆင့်လိုအပ်ချက် အကောင်အထည်ဖော်ဇယား အလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ ၆ ရက်တွင် မြိုင်မြို့၌ ကျင်းပခဲ့ပြီး ကျေးလက် လက်စွဲစာအုပ်အား မြိုင်တစ်မြို့နယ်လုံးတွင် ပြုလုပ်ပေးသွားမည်ဟု သိရသည်။
မကွေးတိုင်းဒေသကြီး မြိုင်မြို့၊ နံသာမြိုခန်းမခန်းမ၌ အားလုံးအကျံုးဝင်အောက်ခြေမှ စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ် ကျေးရွာအဆင့် လိုအပ်ချက်အကောင်အထည်ဖော် ဇယားအလုပ်ရုံဆွေးနွေးပွဲ တတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် မြိုင်မြို့နယ် ကျေးလက်စာအုပ် Myaing Village Book ရေးဆွဲရေးလုပ်ငန်းစဉ်အပါအဝင် ကျေးလက်ဒေသလိုအပ်ချက်များကို ပူးပေါင်းအဖြေရှာခဲ့ကြသည်။
"Village Book နဲ့ပတ်သက်ရင် လက်ရှိကတော့ အကျိုးသက်ရောက်မှု သိပ်မရှိသေးဘူး။ ဒါပေမယ့် Future Plan အနေနဲ့ဆို အလွန်အကျိုးရှိတဲ့လုပ်ငန်းစဉ်ပါ" ဟု မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးရဲကျော်သူဝင်းက မဇ္ဈိမသို့ ပြောသည်။
မြိုင်မြို့နယ်၌ Village Book ကို ၂၀၁၁ခုနှစ်က ကျေးရွာ ၁၉ ရွာတွင် စတင်ပြုလုပ်ခဲ့ပြီး ယခုနှစ်မှာတစ်မြို့နယ်လုံးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် မြိုင်မြို့နယ်၌ ကျေးရွာအုပ်စုပေါင်း ၈၄ အုပ်စုရှိပြီး ရွာပေါင်း ၃၃၀ ရှိသည်။
Village Book ပြုလုပ်ထားခြင်းဖြင့် နိုင်ငံတော်နှင့် အလှူရှင်များက ငွေကြေးများချထားပေးပါက ကျေးရွာတို့၏ လိုအပ်ချက်များကိုအလွယ်တကူရရှိနို်င်ပြီးအလျင်အမြန်အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ညောင်ကျေးရွာအုပ်စုမှ ကိုယ်စားလှယ် ကိုအောင်မင်းစိန်က ပြောသည်။
ဆွေးနွေးပွဲကို မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်Actionaid Myanmar တို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။