ဆီးရီးယားအရေးကို ကုလသမဂ္ဂက ဖြေရှင်းဖို့ ပျက်ကွက်ပါက အမေရိကန်တို့ဘက်မှ ကိုယ်တိုင်ဖြေရှင်းသွားမည် ဟု ခြိမ်းခြောက်

ဆီးရီးယားအရေးကို ကုလသမဂ္ဂက ဖြေရှင်းဖို့ ပျက်ကွက်ပါက အမေရိကန်တို့ဘက်မှ ကိုယ်တိုင်ဖြေရှင်းသွားမည် ဟု ခြိမ်းခြောက်

 ဧပြီ ၆ ။                ။ ကမ္ဘာ့ကုလသမဂ္ဂသည် ဆီးရီးယားနိုင်ငံ၌ ကလေးငယ်များအပါအဝင် လူပေါင်းများစွာသေဆုံးခဲ့ရသည့် ဓာတု အဆိပ်လက်နက်ဖြင့် တိုက်ခိုက်ခံရမှုအား အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ပါက အမေရိကန်တို့ဘက်မှ သီးသန့် ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြီးခဲ့သောဗုဒ္ဓဟူးနေ့တွင် သတိပေးခဲ့သည်။

ပြီးခဲ့သော အင်္ဂါနေ့တုန်းက ဆီးရီးယားနိုင်ငံရှိ သူပုန်များထိန်းချုပ်ထားရာ အိုက်ဒလစ်ဘ်ခရိုင်၌ ဓာတုအဆိပ်ဖြင့် တိုက်ခိုက်ခံခဲ့ရမှုအပြီးတွင် ပြင်သစ်နှင့် ဗြိတိန်တို့မှ ကမ္ဘာ့ကုလသမဂ္ဂ လုံခြံုရေးကောင်စီ၌ အရေးပေါ်အစည်း အဝေးပြုလုပ်စဉ်မှာ အမေရိကန်သံအမတ် နစ်ကီဟာလေက သတိပေးခဲ့ခြင်းဖြစ်သည်။

“ ကမ္ဘာ့ကုလသမဂ္ဂဟာ ၄င်းတို့ရဲ့တာဝန်ဖြစ်တဲ့ စုပေါင်းဖြေရှင်းရမယ့်အရေးကို တသတ်မတ်တည်း လုပ်ဆောင် ဖို့ ပျက်ကွက်ခဲ့ပါက အမေရိကန်နိုင်ငံဟာ သီးသန့်ကိုင်တွယ် ဖြေရှင်းသွားမယ်ဆိုတာကို သိစေချင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာလည်း အဲ့လိုမျိုး လုပ်ဆောင်ခဲ့တာတွေ ရှိခဲ့ပါတယ်” ဟု ဟာလေက သတိပေး ပြောကြားခဲ့သည်။

ဒါ့အပြင် ယင်းအမေရိကန်သံအမတ်ကြီးက ရုရှားနိုင်ငံသည် ၄င်းတို့ရဲ့မဟာမိတ်ဖြစ်တဲ့ ဆီးရီးယားနိုင်ငံအပေါ် ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ပြင်းထန်စွာပြောဆိုခဲ့ပြီး ကောင်စီအစည်းအဝေးအတွင်း၌ ဓာတုအဆိပ် ကြောင့် သေဆုံးခဲ့ရသော ကလေးငယ်များ၏ ဓာတ်ပုံကို ကိုင်ထားလျက် မတ်တပ်ရပ်ခဲ့ကာ ရုရှားနိုင်ငံက ဂရုတစိုက် မဆောင်ရွက်ဘူးဆိုရင် နောက်ထပ်ကလေး ဘယ်လောက်တောင်များ   သေဆုံးရဦးမလဲဟု သူမက ဒေါသတကြီး ပြောခဲ့သည်။

“ရုရှားနိုင်ငံဟာ ဆီးရီးယားအစိုးရအပေါ် သြဇာညောင်းတယ်ဆိုရင် အဲ့ဒီ့သြဇာကို သူတို့အသုံးချတာ ကျမတို့ မြင်ရဖို့ လိုအပ်ပါတယ်။ ယခုလို ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုတွေကို ချုပ်ငြိမ်းသွားအောင် သူတို့ဘက်က အဆုံးသတ်ပေးလိုက်တာ မြင်ချင်ပါတယ်” ဟု သူမက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags