အကယ်ဒမီလူငယ်ကစားသမားများ ခေါ်ယူခွင့် လီဗာပူးလ်အသင်း ၂ နှစ် ပိတ်ပင်ခံရ

အကယ်ဒမီလူငယ်ကစားသမားများ ခေါ်ယူခွင့် လီဗာပူးလ်အသင်း ၂ နှစ် ပိတ်ပင်ခံရ

ပရီးမီးယားလိဂ်တာဝန်ရှိသူများက စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်တဲ့ လီဗာပူးလ်အသင်းကို စတာလင်ပေါင် ၁၀၀,၀၀၀ (ဒေါ်လာ ၁၂၄,၀၀၀) ဒဏ်ရိုက်ခဲ့ပြီး အခြားအင်္ဂလိပ်ကလပ်အသင်း တစ်သင်းကနေ အကယ်ဒမီ လူငယ်ကစားသမားများ ခေါ်ယူခွင့် ပိတ်ပင်လိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဒါမှမဟုတ် အင်္ဂလိပ်ဘောလုံးလိဂ် အကယ်ဒမီတွေကနေ လူငယ်ကစားသမားများ  ခေါ်ယူခွင့် ၂ နှစ် ပိတ်ပင်ခံရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလက စတုတ်အသင်းရဲ့ အသက် ၁၂နှစ်အရွယ် အကယ်ဒမီ လူငယ်ကစားသမားလေး တစ်ဦးကို တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်ခေါ်ယူခဲ့မှုမှာ ပါဝင်ခဲ့ပါတယ်။

ကလပ်အသင်းက အဆိုပါလူငယ်အတွက် မှတ်ပုံတင် လျှောက်ထားခဲ့ပေမယ့် ပရီးမီးယားလိဂ်ဘုတ်အဖွဲ့ရဲ့ ပယ်ချတာကို ခံခဲ့ရပါတယ်။

လီဗာပူးအသင်းဟာ အဆိုပါ လူငယ်လေးကို ခေါ်ယူဖို့အတွက် တရားဝင် ဆွေးနွေးညှိုနှိုင်းမှုတွေ မပြုလုပ်ခင် လူငယ်ကစားသမားနဲ့ သူ့ရဲ့မိဘတွေဆီထံ အရင်ဆုံး ချဉ်းကပ်ခဲ့ပြီး လူငယ်ကစားသမားအတွက် စတုတ်စီးတီးမှာ ရှိနေစဉ် ကျောင်းစရိတ်ပေးဖို့လည်း ကမ်းလှမ်းခဲ့သေးကာ ၎င်းအတွက် ပေးဆောင်ခဲ့တဲ့အပြင် သူ့မိသားစုဝင်အချို့ကို အန်ဖီးလ်ကွင်းထံ လာရောက်လည်ပတ်ခွင့်တွေပါ ပေးတာကို ပရီးမီးယားလိဂ်က စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒါ့ကြောင့် ပရီးမီးယားလိဂ်တာဝန်ရှိသူများက လီဗာပူးလ်အသင်းကို အကယ်ဒမီ လူငယ်ကစားသမားများ ခေါ်ယူခွင့် ၂ နှစ် ပိတ်ပင် ပြစ်ဒဏ် ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

"ကလပ်အသင်းက အကယ်ဒမီလူငယ်ကစားသမားများ ခေါ်ယူခွင့် ပိတ်ပင်မှုကို လက်ခံပါတယ်"လို့ လီဗာပူးလ်အသင်းက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags