လာမည့်ရာသီတွင် အသင်းကို အပြောင်းအလဲပြုလုပ်သွားမည်ဟု လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ် ဆို

လာမည့်ရာသီတွင် အသင်းကို အပြောင်းအလဲပြုလုပ်သွားမည်ဟု လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ် ဆို

ဧပြီ ၅၊ အင်္ဂလန် ။            ။ လာမည့်ရာသီတွင် အသင်းကို အပြောင်းအလဲပြုလုပ်သွားမည်ဖြစ်သောကြောင့် လီဗာပူးလ်အသင်းအတွက် အလုပ်ရှုပ်သည့် နွေရာသီအပြောင်းအရွှေ့   စျေးကွက်ဖြစ်လာဦးမည်ဟု နည်းပြ ဂျာဂင်ကလော့ပ်က ပြောဆိုလိုက်သည်။

လီဗာပူးလ်အသင်းအနေဖြင့် တိုက်စစ်ပိုင်းတစ်ခုတည်းကိုသာ ပြုပြင်ပြောင်းလဲရမည် မဟုတ်ဘဲ အခြားနေရာများကိုလည်း အပြောင်းအလဲများပြုလုပ်သွားမည်ဟု ဂျာဂင်ကလော့ပ်က ဆိုသည်။

‘ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလမှာ ပြဿနာတွေကြုံတွေ့ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကော်တင်ဟိုက နိုဝင်ဘာမှာ ဒဏ်ရာရတယ်။ ပြီးတော့ မာနေး၊ စတူးရစ်ချ်၊ ဒန်နီအင့်စ်တို့ ဒဏ်ရာရတယ်။ ကျွန်တော်တို့အသင်းအတွက် တိုက်စစ်မှူးအသစ်လိုလားဆိုတော့… ဟုတ်ကဲ့ လိုပါတယ်။

လာမယ့်နှစ်မှာ ပွဲတွေအများကြီးပိုကစားရဖို့ ရှိတာကြောင့် ကစားသမားတွေပိုလိုအပ်တယ်ဆိုတာက ရှင်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကစားသမားအသစ်တွေ ခေါ်ယူသွားမှာပါ။ အသင်းက နေရာအနည်းငယ်ကို အပြောင်းအလဲပြုလုပ်သွားမှာဖြစ်ပါတယ်’ ဟု ဂျာဂင်ကလော့ပ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags