ဘာစီလိုနာမှ ထွက်ခွာပြီးပါက အင်းနရစ် တစ်နှစ်အနားယူမည်

ဘာစီလိုနာမှ ထွက်ခွာပြီးပါက အင်းနရစ် တစ်နှစ်အနားယူမည်

ဧပြီ ၅၊ ဘာစီလိုနာ။             ။ ဘာစီလိုနာနည်းပြလူးဝစ်အန်းနရစ်သည် ရာသီကုန်တွင် လာလီဂါထိပ်သီးကလပ်မှထွက်ခွာပြီးပါက တစ်နှစ်ခန့်အနားယူမည် ဖြစ်သည်။

အန်းနရစ်သည် ချန်ပီယံလိဂ်ဖလားတစ်လုံး၊ အမှတ်ပေးဖလားနှင့် လိဂ်ဖလား နှစ်လုံးစီရယူခဲ့ပြီး သုံးနှစ်ကြာမြင့်ခဲ့သည့် ဘာစီလိုနာနည်းပြအလုပ်ပို စွန့်ခွာတော့မည်ဖြစ်သည်။

အသက် ၄၆ နှစ်အရွယ်နည်းပြအနေဖြင့် မန်စီးတီးနည်းပြဂွာဒီယိုလာကဲ့သို့ပင် ဘာစီလိုနာမှထွက်ခွာပြီး ဘိုင်ယန်သို့မပြောင်းမီ တစ်နှစ်အနားယူသည့်လမ်းစဉ်လိုက်ရန်ရှိနေခြင်းလည်းဖြစ်သည်။

အာဆင်နယ်အသင်းတွင် အာစင်ဝင်းဂါးနေရာအစားထိုးနိုင်ချေရှိသူများစာရင်း၌ပါဝင်နေသော်လည်း ၎င်းအနေဖြင့် အားပြန်ဖြည့် ပြီးမှသာ နောက်ထပ်အလုပ်တစ်ခုကိုလက်ခံမည်ဟု အန်းနရစ်က ပြောသည်။

“အသင်းနဲ့ရော ကစားသမားတွေနဲ့ပါ ဆက်ဆံရေးကောင်းပြီး ကျွန်တော့်အိမ်လိုဖြစ်နေတဲ့ ဘာစီလိုနာကနေထွက်ခွာတဲ့အခါ ပင်ပန်းမှုတွေပြည့်နေမှာ အသေအချာပါပဲ။

ကျွန်တော် အနားယူအားမွေးဖို့လိုပါတယ်။ တခြားအသင်းတွေအကြောင်းကို မစဉ်းစားပါဘူး။ တစ်နှစ်လောက် အနားယူဖြစ်လိမ့် မယ်။ ဒါပေမဲ့လက်ရှိအချိန်မှာတော့ ရာသီကုန်မှာကျွန်တော်တို့ရည်မှန်းချက်တွေပြည့်ဖို့ကိုပဲ လုပ်ရမယ်”ဟု အန်းနရစ်က ပြောသည်။

လာလီဂါတွင် ထိပ်ဆုံးမှရီးယဲလ်နှင့်နှစ်မှတ်အကွာ ဒုတိယနေရာတွင်ရှိနေပြီး ချန်ပီယံလိဂ်ကွာတားတွင် ဂျူဗင်တပ်အသင်းနှင့် ရင်ဆိုင်ရမည့် ဘာစီလိုနာအသင်းသည် အန်းနရစ်နေရာ အစားထိုးမည့်သူကို   ကြေညာရခြင်းမရှိသေးပေ။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly