ကွန်တီကသာ အကောင်းဆုံးဟု မန်စီးတီးနည်းပြဂွာဒီယိုလာပြော

ကွန်တီကသာ အကောင်းဆုံးဟု မန်စီးတီးနည်းပြဂွာဒီယိုလာပြော

ဧပြီ ၅၊ မန်ချက်စတာ။             ။ ချယ်လ်ဆီးနည်းပြကွန်တီကသာ အကောင်းဆုံးနည်းပြဖြစ်ဖွယ်ရှိသည်ဟု မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွာဒီယိုလာက ပြောဆိုလိုက်သည်။

အင်္ဂလိပ်ဘောလုံးလောကတွင် ပွဲဦးထွက်ရာသီကိုဖြတ်သန်းနေသည့် ဂွာဒီယိုလာနှင့်ကွန်တီတို့သည် ဗုဒ္ဓဟူးနေ့တွင် ရင်ဆိုင်ကြ ရမည်ဖြစ်သည်။

ပရီးမီးယားလိဂ်ကိုဦးဆောင်နေသော အန်တိုနီယိုကွန်တီ၏ ချယ်လ်ဆီးအသင်းသည် အဆင့် ၄ နေရာမှ မန်စီးတီးအသင်းကို ၁၁ မှတ်ဖြတ်ထားသည်။

“ပရီးမီးယားလိဂ် လုပ်ဖော်ကိုင်ဖက် ကွန်တီအပေါ် ကျွန်တော့်ရဲ့အမြင်ကို ပြောရမယ်ဆိုရင် သူက ထိပ်တန်းပါပဲ။ အီတလီရဲ့ပုံစံဖြစ် တဲ့ ခံစစ်အသားပေး ကစားပုံကို ဂျူဗင်တပ်မှာရော ဒီမှာပါ လှပညက်ညောအောင် သူလုပ်နိုင်ပါတယ်။

သူက နည်းပြကောင်းတစ်ယောက်ပါ။ ဂျူဗင်တပ်မှာရော၊ ဒီမှာပါ သူ့အသင်းတွေကိုကြည့်ပြီး ကျွန်တော်အများကြီး လေ့လာခဲ့ပါတယ်။

သူတို့သွားနေတဲ့ ပုံစံတွေကို ကြည့်ပြီး ကျွန်တော်လည်း အဲဒီလိုလုပ်ချင်ပါတယ်။ သူတို့အသင်းတွေဟာ ကဏ္ဍတွေအများကြီးကို ထိန်းချုပ်ထားနိုင်ကြပါတယ်။ သူကသာ အကောင်းဆုံးဖြစ်ဖို့ ရှိတယ်”ဟု ဂွာဒီယိုလာက ပြောသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly