အခွန်နှစ်ဆတိုးကောက်မှုကို လက်ခံပေးရန် ပြည်မြို့ စည်ပင်ကော်မတီတိုက်တွန်း

အခွန်နှစ်ဆတိုးကောက်မှုကို လက်ခံပေးရန် ပြည်မြို့ စည်ပင်ကော်မတီတိုက်တွန်း

ပြည်၊ ဧပြီ ၄ ။             ။ ပဲခူးတိုင်​းအတွင်​း စည်​ပင်​သာယာ​စျေးဆိုင်​ခန်​းများကို အခွန်​ နှစ်​ဆ တိုး​ကောက်​မှုအား ​လက်​ခံရန်​ ပြည်​မြို့စည်​ပင်​သာယာ​ရေးကော်​မတီ နှင်​့ အဖွဲ့က ဧပြီလ ၄ ရက်​တွင်​ တိုက်​တွန်​းခဲ့ပြီး ​စျေး​တာဝန်​ခံတစ်​ဦးကိုလည်​း လဲလှယ်​ခဲ့သည်​။

ပြည်​မြို့နယ်​​စည်​ပင်​သာယာ​ရေး​ကော်​မတီအဖွဲ့ဝင်​ ဦး​အေးချို၊ စျေးအရာရှိ ဦးဖြိုး​ဝေ​အောင်​ နှင်​့ ​စျေးတာဝန်​ခံများ ပါဝင်​​သောအဖွဲ့က ​ဧပြီ ၄ရက်​ ​ည​နေပိုင်​းတွင်​ အောင်​မင်္ဂလာ​စျေး ​စျေးမိ​စျေးဖများ နှင်​့ ​တွေ့ဆုံပြီး အခွန်​နှုန်​းထားသစ်​လက်​ခံရန်​ တိုက်​တွန်​းခဲ့ခြင်​းဖြစ်​သည်​။

"နှစ်​ဆ တိုးလိုက်​တဲ့ အခွန်​ကို လက်​ခံ​ပေးဖို့ ကျ​နော်​ ​မေတ္တာရပ်​ခံချင်​ပါတယ်​။ တိုးပြီးရင်​ တိုးတာနဲ့တန်​​အောင်​ပြန်​လုပ်​​ပေးဖို့လည်း ကျ​နော်​တို့ တွန်​းအား​ပေးပါ့မယ်​"ဟု ပြည်​မြို့နယ်​​စည်​ပင်​သာယာ​ရေး​ကော်​မတီအဖွဲ့ဝင်​ ဦး​အေးချို ကဆိုသည်​။

ပဲခူးတိုင်​း အတွင်​းရှိ မြို့နယ်​ ၂၈ ခုမှ​ စည်​ပင်​သာယာ​​စျေးဆိုင်​ခန်​းများကို ဧပြီ ၁ရက်​​မှစ၍ အခွန်​ နှစ်​ဆ တိုး​ကောက်​​နေပြီဖြစ်​သည်​။ သို့သော်​ စည်​ပင်​သာယာဌာနက ဆိုင်​ခန်​းရှင်​များ နှင်​့ ​​​တွေ့ဆုံညှိနှိုင်းခြင်​းမရှိခဲ့သည်​့အတွက်​ ကန်​့ကွက်​မှုများ​ပေါ်​ပေါက်​နေသည်​။

"ဥပ​ဒေလုပ်​ထုံးလုပ်​နည်​းအရ ​ဆောင်​တာ​တော့​ ဆောင်​လိုက်​ပါ။  အသနားခံစာတင်​ပြလို့ရပ်​သွားရင်​လည်း အမြတ်​​ပေါ့"ဟု ​စျေးများကြီးကြပ်​​ရေးအရာရှိ ဦးဖြိုး​ဝေ​အောင်​က ဆိုသည်​။

​စျေးဆိုင်​ခန်​းများသည်​ ၁ ရက်​​ မှ ရ ရက်​အတွင်​း သတ်​မှတ်​ထား​သော အခွန်​ကို​ပေး​ဆောင်​ရမည်​ဖြစ်​ပြီး ရ ရက်​​ကျော်​ပါက ၁၀ရာခိုင်​နှုန်​း ဒဏ်​​ကြေး​ငွေ​ပေး​ဆောင်​ရမည်​ဖြစ်​သည်။ ယင်းအပြင် ၂၀ ရက်​ ပြည်​့သည်​့​နေ့ထိ မပေးဆောင်ပါက ဆိုင်ခန်းပိတ်သိမ်းမည်ဟုလည်း စည်ပင်အရာရှိများက ပြောသည်။

အခွန်​​ငွေ​ပေး​ဆောင်​မှုနှင်​့အတူ စျေးလုံခြံု​ရေး၊ မိလ္လာစနစ်​၊ ​ရေနုတ်​​မြောင်​း၊ အမှိုက်​သိမ်​း သန်​့ရှင်​း​ရေးစနစ်​၊ ​ရေ၊ လျှပ်​စစ်​မီး ရရှိမှု၊ လမ်​း နှင်​့ အမိုးအကာ၊ အ​ဆောက်​အဦးများ ​ကောင်​းမွန်​စွာ​​ရေးတို့ကိုလည်​း​ ဆောင်​ရွက်​​ပေးမည်​ဟု စည်​ပင်​အရာရှိများက​ပြောသည်​။

အခွန်​နှုန်​းထားများ တိုးမြင်​့မှုကို ကြိုတင်​အသိ​ပေးမှုမရှိခဲ့သည်​့ ​​အောင်​မင်္ဂလာ​စျေးတာဝန်​ခံ ဦး​အောင်​စိုးဝင်​းကို ဌာန​ရွှေ့​ပြောင်​းကာ ​စျေးတာဝန်​ခံအသစ်​ ဦးတင်​ထွန်​း ဆိုသူကို တာဝန်​​ပေးအပ်​မည်​ဟုလည်​း ၎င်းတို့ကဆိုသည်​။

"မကြာခင်​ ၈ ရက်​​နေ့ကစပြီး တာဝန်​ထမ်​း​ဆောင်​မယ်​။ ဒီဘက်​မှာ ဒီ​စျေး​ခေါင်​း(မူလ​စျေး​ခေါင်​းအ​ဟောင်​း)က ဆိုင်​ခန်​းခွန်​​တွေ ​ကောက်​​နေတယ်​။ ​ကောက်​​နေတာကို ဝိုင်​းလုပ်​ရင်​းနဲ့လွှဲသွားလိမ်​့မယ်​"ဟု​စျေးများကြီးကြပ်​​ရေး အရာရှိ ဦးဖြိုး​ဝေ​အောင်​ကဆိုသည်​။

စည်​ပင်​​အဖွဲ့၏ တိုက်​တွန်​းမှုကို ​အောင်​မင်္ဂလာ​စျေး ​စျေးမိ​စျေးဖများက လက်​မခံခဲ့​ပေ။ သို့​သော်​ ​စျေးဆိုင်​ခန်​းများ သိမ်​းဆည်​းမခံရရေးအတွက်​ သတ်​မှတ်​ခွန်​​ပေး​ဆောင်​မည်​ဖြစ်​ပြီး အခွန်​နှုန်​းထား​လျော့ချ​ရေး ဆက်​လက်​တင်ပြသွားမည်​ဟု ကန်​့ကွက်​မှုများကို ဦး​ဆောင်​ပြုလုပ်​​နေသူ ဦး​စောလှ​ထွေးက​ပြောသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly