မူဆယ်လမ်းတွင် အခွန်မဲ့ ပစ္စည်းများသယ်ဆောင်လာသည့် ကား ၅ စီး ဖမ်းဆီးရမိ

မူဆယ်လမ်းတွင် အခွန်မဲ့ ပစ္စည်းများသယ်ဆောင်လာသည့် ကား ၅ စီး ဖမ်းဆီးရမိ
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

ရန်ကုန်၊ ဧပြီ ၄ ။            ။ ဧပြီလ ၄ ရက် နံနက် ၂ နာရီအချိန်က မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ ဖြတ်ကျော်သော အခွန်မဲ့ ကား ၅ စီးကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါကားများပေါ်မှ ဘီယာများ၊ သစ်ခွများ၊ ဆိုင်ကယ်များ၊ အိတ်များနှင့် အဝတ်အထည်များ ဖမ်းဆီးရမိခဲ့ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

" မောင်းပြီးထွက်ပြေးကြတာပေါ့။ ဒီကောင်တွေက ဘယ်တော့မှ ရပ်ပေးတယ်ဆိုတာမရှိဘူး။ ဒီကောင်တွေလည်း သူတို့ရဲ့စားဝတ်နေရေးအတွက်လုပ်ကြတာပေါ့။ ကိုယ်တို့ကလည်း တာဝန်အရ တားဆီးပြီး ဖမ်းဆီးရတာပေါ့။ ဒီအထဲမှာ သစ်ခွဆိုရင် အခွန်ဆောင်လို့လည်းမရဘူး။ သွင်းလို့လည်းမရဘူး။ ထုတ်လိုလည်းမရဘူး။ ဘီယာဆိုရင် ကားနှစ်စီးတောင်ပါတယ်"ဟု ဦးတက်ထွန်းအောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly