မိုင်ယာမီအိုပင်းမှာ ဗိုလ်စွဲခဲ့ပြီးနောက် ကမ္ဘာ့အဆင့် ၄ နေရာအထိ ခုန်တက်လာတဲ့ ဖက်ဒရာ

မိုင်ယာမီအိုပင်းမှာ ဗိုလ်စွဲခဲ့ပြီးနောက် ကမ္ဘာ့အဆင့် ၄ နေရာအထိ ခုန်တက်လာတဲ့ ဖက်ဒရာ
မိုင်ယာမီအိုပင်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် ဆုနှင့်အတူ တွေ့ရတဲ့ ဖက်ဒရာ။ (ဓာတ်ပုံ - အီးပီအေ)

ဆွစ်တင်းနစ်ကစားသမား ရော်ဂျာဖက်ဒရာဟာ မိုင်ယာမီအိုပင်းမှာ ဗိုလ်စွဲခဲ့ပြီးနောက် တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (ATP) ရဲ့ (အမျိုးသား)တစ်ဦးချင်း အဆင့်သတ်မှတ်ချက်မှာ စတုတ္ထနေရာအထိ ခုန်တက်ခဲ့တယ်လို့ သိရပါတယ်။

ဖက်ဒရာဟာ တနင်္ဂနွေနေ့က မိုင်ယာမီအိုပင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်က ရာဖေးလ်နာဒါးလ်ကို အနိုင်ယူပြီး ဖလားဆွတ်ခူးနိုင်ခဲ့တာပါ။

ဗြိတိန်တင်းနစ်ကစားသမား ဒန်ဒီမာရေးက ATP ရဲ့ တစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ရမှတ် ၁၁,၉၆၀ နဲ့ ထိပ်ဆုံးမှာ ရှိနေဆဲဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ မာရေးဟာ ၎င်းရဲ့ ကစားသမားဘဝတစ်လျှောက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ထိပ်ဆုံး နံပါတ်တစ်နေရာကို နိုဝင်ဘာလ ရ ရက်က ပထမဆုံးအကြိမ်အဖြစ် ဦးဆောင်နိုင်ခဲ့တဲ့ကတည်းက ယခုချိန်ထိ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဆားဗီးယားကစားသမား ဂျိုကိုဗစ်က ရမှတ် ရ,၉၁၅ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ

၁) အန်ဒီ မူရေး (စကော့တလန်) ရမှတ် ၁၁,၉၆၀
၂) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ရ,၉၁၅
၃) စတန် ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၅,၇၈၅
၄) ရော်ဂျာ ဖက်ဒရာ (ဆွစ်ဇလန်) ရမှတ် ၅,၃၀၅
၅) ရာဖေးလ် နာဒါးလ် (စပိန်) ရမှတ် ၄,၇၃၅
၆) ရာအိုနစ် (ကနေဒါ) ရမှတ် ၄,၃၄၅
၇) နီရှီကိုရီ (ဂျပန်) ရမှတ် ၄,၃၁၀
၈) မာရင်း ဆီလက် (ခရိုအေးရှား) ရမှတ် ၃,၃၈၅
၉) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၃,၃၈၅
၁၀) ဂျို-ဝီဖာရီးဆောင်ဂါ (ပြင်သစ်) ရမှတ် ၃,၂၆၅

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags