ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံတာဝန်ကျသူအချို့ စည်းကမ်းလိုက်နာမှု အားနည်းဟုဆို

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံတာဝန်ကျသူအချို့ စည်းကမ်းလိုက်နာမှု အားနည်းဟုဆို

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲရုံများတွင် တာဝန်ကျသူများအနေဖြင့် လိုက်နာရမည့် စည်းမျညစည်းကမ်းများကို လိုက်နာမှုမရှိဘဲ အားနည်းနေကြောင်း   ရွေးကောက်ပွဲ   လေ့လာစောင့်ကြည့်နေသော အဖွဲတစ်ဖွဲ့ဖြစ်သည့် EEOP အဖွဲ့က မနန်းမွေဆိုင်က ပြောသည်။

၎င်းက ဧပြီလ ၃ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ၂၀၁၇ခုနှစ်၊ ဧပြီ ၁ရက်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်မှု ကနဦး အစီအရင်ခံစာအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

"သူတို့ ကျင့်ဝတ်တွေ နည်းနည်းနားလည်တာတွေ လွဲချော်နေတယ်ပေါ့။ တချို့ပါတီတွေဘက်ကဆိုရင် ပါတီဆို ပါတီအကျႌမဝတ်ရဘူး။ နောက်ပြီး ပါတီနဲ့ပတ်သတ်တဲ့ဟာ ရင်ထိုးတွေ ဘာတွေ တပ်ပြီးတော့ မဝတ်ရဘူး ဆိုပေမဲ့ တချို့ကတပ်ပြီးဝတ်တယ် မဲရုံမှူးတွေကိုယ်တိုင်က တပ်ပြီးဝတ်တာ တွေ့ရတယ် အဲ့လိုမျိုးတွေတွေ့ရတယ်" ဟု EEOP အဖွဲ့မှ ရှမ်းပြည်နယ်တွင် ဒေတာကောက်ခံသူ မနန်းမွေဆိုင်က ဆိုသည်။

မဲရုံများတွင် တာဝန်ကျသူများ စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ရွေးကောက်ပွဲသင်တန်းများ သေချာပေးရန် လိုနေသေးကြောင်း သူက ဆက်ပြောသည်။

မဲပေးရာတွင် မဲရုံထဲသို့ အစုလိုက်အပြံုလိုက်ဝင်ရောက် မဲပေးခြင်းများကို တွေ့ခဲ့ရပြီး ယခုလို မဲရုံတာဝန်ကျသူများ၏ အားနည်းမှုများကို ရှမ်းပြည်နယ် ကျိုင်းတုံမြို့ နှင့် ညောင်ရွှေမြို့တို့တွင် တွေ့ခဲ့ရသည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ (၁) ရက်နေ့က ကျင်းပခဲ့ပြီး မဲဆန္ဒနယ်(၁၉)နေရာ၊ မြို့နယ် (၂၂) ခု နှင့် မဲရုံပေါင်း (၂၀၀၀) ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly