တာလီဘန်ခေါင်းဆောင်သေဆုံးခဲ့ပြီဟု အာဖဂန်အစိုးရ အရာရှိများကြေညာ

တာလီဘန်ခေါင်းဆောင်သေဆုံးခဲ့ပြီဟု အာဖဂန်အစိုးရ အရာရှိများကြေညာ

ကဘူးလ်၊ ဇူလိုင် ၂၉ ။         ။ တာလီဘန်ခေါင်းဆောင် မူလာအိုမာသေဆုံးကြောင်း အာဖဂန်နစ္စတန် အစိုးရအရာရှိများက ကြေညာလိုက်ပြီဖြစ်သည်။

အာဖဂန်အစိုးရနှင့် ထောက်လှမ်းရေးသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ တာလီဘန်အကြမ်းဖက်အဖွဲ့အစည်း၏ နာမည်ဆိုးဖြင့် ကျော်ကြားသော ခေါင်းဆောင်သည် လွန်ခဲ့သည့် နှစ်နှစ် သုံးနှစ်က ပင် သေဆုံးခဲ့ပြီဆိုသည်။ ၎င်းတို့၏ခေါင်းဆောင်သေဆုံးမှုနှင့် ပတ်သက်၍ မကြာမီကြေညာချက်တစ်စောင်ထုတ်မည်ဟု တာလီဘန်အကြမ်းဖက်အဖွဲ့က ပြောကြားခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

ဧကစာရီနေလေ့ရှိသော ယင်းခေါင်းဆောင်၏ သေဆုံးမှုသတင်းကို အတိတ်ကလည်း သတင်းခေါင်းကြီးများအဖြစ် ဖော်ပြခဲ့ဖူးသည်။ ၁၉၉၆ခုနှစ်မှ ၂၀၀၁ခုနှစ်အထိ အာဖဂန်ကို အုပ်စိုးစဉ် မူလာအိုမာသည် တာလီဘန်အစိုးရတွင် နိုင်ငံတော်အကြီးအကဲဖြစ်သည်။ နိုင်ငံကို အမေရိကန်ဦးဆောင်သည့် ကျူးကျော်တိုက်ခိုက်မှုဖြစ်ပေါ်ပြီးနောက် မူလာအိုမာမှာ ပုန်းအောင်းနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly