မေလကုန်တွင် စတင်ပြေးဆွဲမည့် ရေကြောင်းတက္ကစီ မိနစ်၂၀ခြား တစ်စီးပြေးဆွဲမည်

မေလကုန်တွင် စတင်ပြေးဆွဲမည့် ရေကြောင်းတက္ကစီ မိနစ်၂၀ခြား တစ်စီးပြေးဆွဲမည်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
 

လာမည့် မေလကုန်တွင် စတင်တော့မည့် ရေကြောင်းတက္ကစီသည် မိနစ်၂၀ခြား တစ်စီး ပြေးဆွဲသွားမည်ဟု သိရသည်။

ရေကြောင်းတက္ကစီသည် မေလကုန်တွင် စတင်ပြေးဆွဲမည်ဟုသိရပြီး လှိုင်သာယာနှင့် ဗိုလ်တစ်ထောင်ကို ပထမဆုံးအနေဖြင့် စတင်ပြေးဆွဲမည်ဖြစ်ကာ ပုဇွန်တောင် ညောင်တန်းမှ ငမိုးရိပ်ချောင်းကို ဒုတိယပိုင်းအနေနှင့် ပြေးဆွဲမည်ဖြစ်ပြီး တတိယပိုင်းအနေနှင့် သန်လျင်စတားစီးတီးကို ပြေးဆွဲမည်ဟု သိရသည်။

၎င်းရေကြောင်းတက္ကစီသည် "အမှန်တော့ တက္ကစီမဟုတ်ဘူး ကားအတိုင်းဘဲ။ YBS လိုဘဲ။ လူတိုင်းစီးဖို့။ ဟိုဟာ လိုင်းကားလိုမျိုးဘဲ ရေထဲမှာ စီးတဲ့လိုင်းကား" ဟု Tint Tint Myanmar ကုမ္ပဏီ၏ CEO ဒေါ်တင့်တင့်လွင်က မဇ္ဈိမကို ပြောသည်။

ယာဉ်တစ်စီး၌ လူအယောက် ၁၃၀မှ ၃၀၀ အထိဆန့်ပြီး ယာဉ်စီးခမှာ ကျပ် ၅၀၀ ထက် မကျော်သည်ဟုလည်း သိရသည်။

"အခေါက်ရေကတော့ လူစီးတဲ့အပေါ်မှာ မူတည်ပြီးတော့ပဲ ဆွဲလို့ရမှာ" ဟု ဒေါ်တင့်တင့်လွင့်က ပြောသည်။

ထို့အပြင် ဗိုလ်တစ်ထောင်မြစ်၌ လုပ်ကိုင်နေသော အခြေခံအလုပ်သမားများကို ရေကြောင်းတက္ကစီတွင် လိုအပ်သည့် သန့်ရှင်းရေးဝန်ထမ်း၊ လုံခြံုရေးဝန်ထမ်း နေရာများတွင် အဓိကဦးစားပေး ခေါ်မည်ဟုလည်း ထပ်လောင်းပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly