ဟတ်အသင်းကို ၅ ဂိုးပြတ်အနိုင်ယူပြီး စကော့တလန်ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆဲလ်တစ်အသင်း ၄၈ ကြိမ်မြောက်ရယူ

ဟတ်အသင်းကို ၅ ဂိုးပြတ်အနိုင်ယူပြီး စကော့တလန်ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆဲလ်တစ်အသင်း ၄၈ ကြိမ်မြောက်ရယူ

ဧပြီ ၃၊ စကော့တလန် ။             ။ ဆဲလ်တစ်အသင်းသည် ဟတ်အသင်းကို ၀-၅ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် စကော့တလန်ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၄၈ ကြိမ် မြောက်ရယူနိုင်ခဲ့သည်။

ယခုနှစ်ချန်ပီယံဆုဖလားမှာ ဆဲလ်တစ်အသင်းအတွက် ခြောက်နှစ်ဆက်တိုက်ရရှိသည့် ဆုဖလားလည်းဖြစ်သည်။ နည်းပြ ဘရန်ဒန်ရော်ဂျာ၏ အသင်းသည် လိဂ်ပြိုင်ပွဲပြီးဆုံးရန် ၈ ပွဲလိုသေးသော်လည်း ဒုတိယနေရာမှ အဘာဒင်းအသင်းကို ၂၅ မှတ်အထိ ဖြတ်ထားနိုင်သည့်အတွက် ချန်ပီယံဆုကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။

ဆဲလ်တစ်အသင်းသည် ပွဲ ၃၀ ကစားပြီးချိန်တွင် ၂၈ ပွဲအနိုင်ရခဲ့ပြီး ၂ ပွဲသရေကျကာ ရှုံးပွဲမရှိခဲ့ပဲ ရမှတ် ၈၆ မှတ်ရရှိထားသည်။ ထို့ကြောင့် ဘရန်ဒန်ရော်ဂျာ၏ အသင်းမှာ ယခင်က ဆဲလ်တစ်အသင်းပင် တင်ရှိထားသော ၁၀၃ မှတ်စံချိန်ကို ချိုးဖက်ရန်လည်း အခြေအနေကောင်းမွန်လျက်ရှိသည်။

စကော့တလန်ပရီးမီးယားလိဂ်သမိုင်းတွင် ရှုံးပွဲမရှိဘဲ ချန်ပီယံဖြစ်ခဲ့သည့် ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

ယခုနှစ်ရာသီတွင် ဆဲလ်တစ်အသင်းအတွက် အထူးခြေစွမ်းပြခဲ့သူမှာ မန်စီးတီးတိုက်စစ်မှူးဟောင်း စကော့ဆင်ကလဲယားဖြစ်ပြီး ၁၈ ဂိုးအထိသွင်းယူပေးခဲ့သည်။

စကော့တလန်လိဂ်၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသော ဆင်ကလဲယားမှာ ဟတ်အသင်းကို အနိုင်ရသည့်ပွဲတွင်လည်း ဟက်ထရစ်သွင်းယူပေးခဲ့သည်။

ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာက ‘ဒါက ကျွန်တော်အတွက် ကြီးမှားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက လီဗာပူးလ်နဲ့ အမှတ်ပေးချန်ပီယံဆု ရရှိဖို့ နီးစပ်ခဲ့ပေမယ့် မရယူနိုင်ခဲ့ပါဘူး’ ဟု ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags