အင်ဒိုနီးရှားတွင် မြေပြိုမှုများကြောင့် နှစ်ဦးထက်မနည်းသေဆုံးပြီး ၂၆ ဦး ပျောက်ဆုံးနေ

အင်ဒိုနီးရှားတွင် မြေပြိုမှုများကြောင့် နှစ်ဦးထက်မနည်းသေဆုံးပြီး ၂၆ ဦး ပျောက်ဆုံးနေ

ဧပြီ ၃ ။        ။ အင်ဒိုနီးရှားနိုင်ငံတွင် မြေပြိုမှုများကြောင့် အနည်းဆုံး နှစ်ဦး သေဆုံးသွားခဲ့ပြီဖြစ်ပြီး အခြား ၂၆ ဦး ပျောက်ဆုံးနေကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး အေဂျင်စီက ထုတ်ပြန်သည်။ ပျောက်ဆုံးနေသူများမှာ ရွှံ့နွံများအောက် ပိတ်မိဖုံးလွှမ်းခံထားဖွယ်ရှိကြောင်းနှင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ကြောင်းလည်း သိရသည်။

ဧပြီ ၁ ရက်က ဂျာဗားကျွန်းအရှေ့ခြမ်း ပွန်နိုရိုဂို ဒေသတွင် မြေပြိုမှုများအတွင်း နေအိမ် ၃၂ လုံး ဖုံးလွှမ်းခံလိုက်ရပြီး ဒဏ်ရာရရှိသူ ၁၉ ဦးထိရှိခဲ့သည်။

မြေပြိုမှုအတွင်း ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးအဖွဲ့များက လိုက်လံရှာဖွေနေလျက်ရှိသော်လည်း ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ခြင်းကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ ခရီးမတွင်ဘဲ နှောင့်နှေးကြန့်ကြာနေခဲ့ရသည်။

" ခု မြေပြိုမှုဖြစ်တဲ့ ဒေသကို သွားတဲ့လမ်းက တော်တော်လေးကို ကျဉ်းပါတယ်၊ ခု လမ်းမှာ ကားတွေအများကြီးပိတ်နေတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထင်သရောက် ခရီးမရောက်ဘဲဖြစ်နေရတယ်" ဟု အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပူအာနို နျူဂရိုဟို က ပြောသည်။

မြေပြိုမှုဖြစ်ပွားခဲ့သော ဒေသနေ ရွာခံများကို ပြီးခဲ့သည့် နှစ်ပတ်အကြာကတည်းက ကြိုတင်သတိပေးမှုများ လုပ်ဆောင်ထားကာ ယင်းနေရာတစ်ဝိုက်ကို စွန့်ခွာထားခိုင်းခဲ့သော်လည်း အများစုမှာ သတိမမူခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly