စျေးဆိုင်​ခန်​းအခွန်​ နှစ်​ဆ တိုး​ကောက်​မှုကို ပြည်​မြို့​ပေါ်ရှိ​စျေး ​၄ ခု ပေါင်​းကန်​့ကွက်​မည်​

စျေးဆိုင်​ခန်​းအခွန်​ နှစ်​ဆ တိုး​ကောက်​မှုကို ပြည်​မြို့​ပေါ်ရှိ​စျေး ​၄ ခု ပေါင်​းကန်​့ကွက်​မည်​

ပဲခူး၊ ဧပြီလ ၂ ။                ။ စည်​ပင်​​စျေး ဆိုင်​ခန်​းများ အခွန်​ ၂ ဆ တိုးမြှင်​့လိုက်​သည်​့အတွက်​ ပဲခူးတိုင်​း၊ ပြည်​ခရိုင်​ ပြည်​မြို့နယ်​ရှိ ​​စျေး ၄ ခု မှ ဆိုင်​ခန်းရှင်​ များ ၏ သ​ဘောထား ဆန္ဒရယူကာ ကန်​့ကွက်​သွားမည်​ဖြစ်​​ကြောင်​း ဦး​ဆောင်​ကန်​့ကွက်​သူများက ​ပြောသည်​။

"မ​ပေးနိုင်​တဲ့ စျေးသူ​စျေးသား​တွေရဲ့ ​လက်​မှတ်​ထိုးစာရင်​း နဲ့ တင်​မယ်​ ။ တတ်​နိုင်​သ​လောက်​ပြန်​​လျော့ချ​ပေးဖို့​ပြောမယ်​ "​ကန်​့ကွက်​မှုအား ဦး​ဆောင်​သူ အောင်​မင်္ဂလာ​စျေးမိ​စျေးဖ ဦး​စောလှ​ထွေးက ဆိုသည်​။

ကန်​့ကွက်​လက်​မှတ်​များရယူရန်​အတွက်​ ​အောင်​မင်္ဂလာ​စျေး ၊ ကိုး​သောင်​း​စျေး အကျိုး​တော်​​ဆောင်​အဖွဲ့ များ ဧပြီ ၂ ရက်​တွင်​ ညှိနှိုင်​းခဲ့ ကြပြီး မြို့သစ်​​စျေး နှင်​့ ကသည်​း​စျေး အကျိုး​တော်​​ဆောင်​အဖွဲ့ များနှင်​့ပါ ဆက်​လက်​ညှိနှိုင်​း​မည်​ဖြစ်​သည်​။

"နှစ်​ဆ ​ကောက်​တာ​တော့များတယ်​။ ဖြစ်​မယ်​ဆို ​လျော့​ကောက်​​စေချင်​တယ်​ ။ မရနိုင်​ဘူးဆိုရင်​လည်​း ​စျေးသူ​စျေးသား​တွေရဲ့ အခွင်​့ အ​ရေး အပြည်​့အဝ ရဖို့ ပြန်​​တောင်​းသွားမယ်​"ဟု ကိုး​သောင်​း​စျေး အကျိုး​တော်​​ဆောင်​အဖွဲ့ ဥက္ကဌ ဦးမြင်​့နိုင်​က ​ပြောသည်​။

စျေး ဆိုင်​ခန်​းခွန်များပြန်​လည်​​လျော့ချရန်​ သာမက ​စျေးလုံခြံု​ရေး ၊ မိလ္လာစနစ်​ ၊ ​ရေနုတ်​​မြောင်​း ၊ အမှိုက်​သိမ်​း သန်​့ရှင်​း​ရေးစနစ်​ လမ်​း နှင်​့ အ​ဆောက်​အဦး အမိုးအကာ များ​ကောင်​းမွန်​စွာ​ဆောင်​ရွက်​​ပေးရန်​ ​စျေးသူ​စျေးသားများက ပြန်​လည်​တင်​ပြမည်​ဖြစ်​သည်​။

ပဲခူးတိုင်​း အတွင်​းရှိ မြို့နယ်​ ၂၈ ခုမှ​စည်​ပင်​သာယာ​​စျေး ဆိုင်​ခန်​းများကို ဧပြီ ၁ရက်​​နေ့မှစ၍ အခွန်​ နှစ်​ဆ တိုး​ကောက်​​နေပြီဖြစ်​သည်​။  

"တစ်​တိုင်​းလုံး​ ကောက်​တာ ။ အခု ဒီဘတ်ဂျက်​က​နေ စ​ကောက်​​နေပြီ ။ နှစ်​ဆဆို​ပေမဲ့ အမှန်​အတိုင်​း က ​ပေးရတဲ့ အခွန်​နှုန်​းထားက ဘာမှမရှိပါဘူး"ဟု ပြည်​ခရိုင်​ စည်​ပင်​သာယာ​ရေး အဖွဲ့ အမှု ​ဆောင်​အရာရှိချုပ်​ ဦးသူရမြင့်သူက ဆိုသည်​။

သို့သော်​ စည်​ပင်​သာယာဌာနက ဆိုင်​ခန်​းရှင်​များ နှင်​့ ​​​တွေ့ဆုံညှိနှိုင်​ခြင်​းမရှိခဲ့ဘဲ ​​စျေးအချို့တွင်​သာ ကြိုတင်​အသိ​ပေးမှု များ လုပ်​​ဆောင်​ခဲ့သည်​့အတွက်​ ကန်​့ကွက်​မှုများ​ပေါ်​ပေါက်​ခဲ့ခြင်​းဖြစ်​သည်​။

ဧပြီ ၃ ရက်​ ​မှစ၍ ကသည်​း​စျေး ၊ ကိုး​သောင်​း​စျေး ၊ ​အောင်​မင်္ဂလာ​စျေး ၊ မြို့သစ်​​စျေးတို့တွင်​ ထပ်​တိုး အခွန်​ ကန်​့ကွက်​သူများစာရင်​း​ကောက်​ခံမည်​ဖြစ်​ပြီး သက်​ဆိုင်​ရာ စည်​ပင်​သာယာ​ရေး​အဖွဲ့ ၊ ဌာနဆိုင်​ရာအသီးသီး နှင်​့ လွှတ်​​တော်​ကိုယ်​စားလှယ်​များထံတင်​ပြ မည်​ဖြစ်​သည်​။

ဧပြီ ၂ ရက်​​တွင်​​ ပြည်​မြို့​ ​အောင်​မင်္ဂလာ​စျေးသို့  ပြည်​မြို့နယ်​တိုင်​း​ဒေသကြီးလွှတ်​​တော်​အမတ်​ ဦး​ကျော်​​ဇေယျ ​လာ​ရောက်​ပြီး စျေးသူ​စျေးသား များ နှင်​့ ​တွေ့ဆုံ​ဆွေး​နွေးခဲ့သည်​။

ပဲခူးတိုင်​းဝန်​ကြီး ချုပ်​၏ လမ်​းညွန်​ချက်​အရ စည်​ပင်​သာယာ​စျေးဆိုင်​ခန်​းများကို အခွန်​ ၂ ဆ တိုး​ကောက်​ ​ရန်​ အချိန်​  ၂ လ ကြိုတင်​စီစဉ်​ခဲ့ ​ကြောင်​း ​၊ အောင်​မင်္ဂလာ​စျေး မှလွဲ၍ ကျန်​​စျေးများတွင်​ ​ကြော်​ငြာသင်​ပုန်​း​ထောင်​အသိ​ပေးခြင်​းများပြုလုပ်​ခဲ့ သည်​ဟု ဦး​ကျော်​​ဇေယျက​ပြောသည်​။

"ဒီ​စျေးမှာကြိုတင်​အသိ​ပေးထားခြင်​းမရှိဘဲ​တိုး​ကောက်​​တော့​စျေးသူ​စျေးသား​တွေက မ​ကျေနပ်​ကြဘူး။ နစ်​နာ​နေတာ​တွေ စာတင်​ဖို့ ပြောခဲ့ပါတယ်​။ အစိုးရအဖွဲ့ နဲ့ ညှိနှိုင်​း​ဆွေး​နွေးဖို့ ရှိပါတယ်​"ဟု ၄င်​းက ဆိုသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly