ပဲခူးတိုင်​းအတွင်​းရှိ ​စည်​ပင်​စျေးဆိုင်​ခန်​းများ အခွန်​ နှစ်​ဆ တိုး​ကောက်​

ပဲခူးတိုင်​းအတွင်​းရှိ ​စည်​ပင်​စျေးဆိုင်​ခန်​းများ အခွန်​ နှစ်​ဆ တိုး​ကောက်​

ပဲခူး၊ ဧပြီ ၂ ။            ။ ဧပြီ လ ၁ ရက်​​နေ့မှ စတင်​ပြီး ပဲခူးတိုင်​း အတွင်​းရှိ​ စည်​ပင်​သာယာစျေး ဆိုင်​ခန်​းများကို အခွန်​ နှစ်​ဆ တိုး​ကောက်​နေပြီဖြစ်​ကြောင်​း ပြည်​ခရိုင်​ စည်​ပင်​သာယာ​ရေးအဖွဲ့ အမှု ​ဆောင်​အရာရှိချုပ်​ ဦးသူရမြင့်သူ က ​ပြောသည်​။

"တစ်​တိုင်​းလုံး​ ကောက်​တာ ။ အခု ဒီဘတ်ဂျက်​က​နေ စ​ကောက်​​နေပြီ ။ နှစ်​ဆဆို​ပေမဲ့ အမှန်​အတိုင်​း က ​ပေးရတဲ့ အခွန်​နှုန်​းထားက ဘာမှမရှိပါဘူး"ဟု ပြည်​ခရိုင်​ စည်​ပင်​သာယာ​ရေး အဖွဲ့ အမှု ​ဆောင်​အရာရှိချုပ်​ ဦးသူရမြင့်သူက ဆိုသည်​။

​စျေးဆိုင်​ခန်​းခွန်​များ တိုး​ကောက်​မှုကို ကြိုတင်​သတင်​း​ထုတ်​​ပြန်​​ပေးခြင်​း မရှိဘဲ ​စျေးမိ​စျေးဖများ ကို ​စျေး ​ခေါင်​းရုံးသို့​ခေါ်ယူ အသိ​ပေးခြင်​းသာပြုလုပ်​ခဲ့​ကြောင်​း ​ပြည်​မြို့ ​အောင်​မင်္ဂလာ​စျေး ​စျေးမိ​စျေးဖတစ်​ဦးဖြစ်​သူ ဦး ​စောလှ​ထွေးက ​ပြောသည်​။

"​​စျေး​ခေါင်​းက အခုမနက်​​ခေါ်​ပြောတယ်​ ။ ​ဗျက်​ထိုးသည်​မပါဘူး ။ တစ်​လတစ်​ခါအခွန်​​ဆောင်​​နေတဲ့ ဆိုင်​ခန်​း​တွေကို တိုး​ကောက်​တာ"ဟု ဦး​စောလှ​ထွေးက ​ဆိုသည်​။

အခွန်​​ငွေအားတိုး​ဆောင်​နိုင်​/မနိုင်​ ပြည်​မြို့ ကသည်​း​စျေး ၊ ကိုး​သောင်​း​စျေး ၊ ​အောင်​မင်္ဂလာ​စျေး ၊ မြို့သစ်​​စျေးတို့တွင်​ သ​ဘောထားမှတ်​ချက်​များ​ကောက်​ခံသွားမည်​ဖြစ်​ပြီး လိုအပ်​ပါက အစိုးရအဖွဲ့ သို့တင်​ပြကန်​့ကွက်​သွားမည်​ ဟုစျေးမိစျေးဖ ဦး​စောလှ​ထွေးက ​ပြောသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly