ရာသီကုန်တွင် အနာဂါတ်အတွက် ပီအက်စ်ဂျီနှင့် ဗာရတ်တီဆွေးနွေးမည်

ရာသီကုန်တွင် အနာဂါတ်အတွက် ပီအက်စ်ဂျီနှင့် ဗာရတ်တီဆွေးနွေးမည်

ဧပြီ ၂၊ ပဲရစ်။               ။ ပဲရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ)အသင်း၏ ကြယ်ပွင့် မာကိုဗာရတ်တီသည် လိဂ်-၁ ထိပ်သီးကလပ်နှင့် အဆင်ပြေနေသော်လည်း ရာသီကုန်တွင်အနာဂါတ်ကို ဆုံးဖြတ်ရန် ဆွေးနွေးမည်ဟု ပြောသည်။

ဘာစီလိုနာနှင့် ချယ်လ်ဆီးအပါအဝင် ဥရောပကလပ်များ၏ စိတ်ဝင်စားခြင်းခံနေရသည့် အီတလီလက်ရွေးစင်ကစားသမားမှာ ပီအက်စ်ဂျီမှထွက်ခွာမည်ဟု သတင်းများထွက်နေသည်။

အသင်းနှင့် ၂၀၂၁ ထိစာချုပ်သက်တမ်းရှိနေသည့်ဗာရတ်တီက ရာသီကုန်တွင်ဆွေးနွေးဖွယ်ရှိသည်ဟု ပြင်သစ်လိဂ်ဖလား ဗိုလ်လုပွဲတွင် မိုနာကိုအား ၄-၁ ဂိုးဖြင့်အနိုင်ရပြီးနောက် ပြောသည်။

“ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းလေးနှစ်ကျန်ပါသေးတယ်။ ပဲရစ်မှာနေလို့ကောင်းပါတယ်။ အသင်းတာဝန်ရှိသူတွေနဲ့ နှစ်ကုန် တိုင်းဆွေးနွေးလေ့ရှိတာကြောင့် ကျွန်တော်တို့စောင့်ကြည့်ရမှာပါ”ဟု ဗာရတ်တီကပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags