"သလ္လာမြေရဲ့ အောင်ပွဲသံတွေ ညံတဲ့ည"

"သလ္လာမြေရဲ့ အောင်ပွဲသံတွေ ညံတဲ့ည"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြစ်ကြီးနားမြို့တွင် ၂၀၁၅ ခုနှစ်က စတင်မဲဆွယ်စည်းရုံးမှုပြုလုပ်နေစဉ်။
 

မုံရွာ၊ ဧပြီ ၁ ။             ။ ကြားဖြတ်ရွေးကောက်ပွဲကတော့ ပြီးဆုံးလို့သွားပါပြီ။

စိတ်ဝင်စားမှုနည်းတယ်လို့ဆိုပေမယ်လည်း ရွေးကောက်ပွဲနေ့မှာတော့ အသီးသီး လာရောက်မဲပေးခဲ့ကြတာလည်​း ​တွေ့ရပါတယ်။ မဲလာပေးသူအများစုရဲ့ တူညီတဲ့အဖြေကတော့ ကိုယ့်မြို့၊ ကိုယ့်ဒေသကို အမှန်တကယ်လုပ်ပေးနိုင်သူ လက်ထဲကိုပဲ ထည့်ပေးချင်တယ်လို့ ဆိုကြပါတယ်။

အဲဒီလိုပဲ သူတို့ယုံကြည်တဲ့ NLD ပါတီကို အများစုက မဲပေးခဲ့ကြပါတယ်။

သူတို့ရွေးချယ်မဲပေးလိုက်တဲ့ မုံရွာမြို့နယ် NLDရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးညွှန့်အောင်ကလည်း ဒေသကောင်းကြိုးနဲ့ လယ်ယာမြေအရေးကို အဓိက ဆောင်ရွက်ပေးချင်လို့ ဝင်ရောက် အရွေးချယ်ခံခဲ့ခြင်း ဖြစ်တယ်လို့ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် NLD နာယက သူရဦးတင်ဦးကလည်း ရွေးကောက်ပွဲမတိုင် မတ်လ ၂၆ ရက်နေ့က မဲဆွယ်စည်းရုံးမှုများလာရောက်ပြုလုပ်ခဲ့သလို မုံရွာမြို့မှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မြို့ခံလူငယ်များကလည်း မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ပေးခဲ့ကြပါတယ်။

ဒီနေ့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့ အချိန်မှာလည်း မန္တလေးတိုင်းဒေသကြီး NLD၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ချို့နှင့် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လည်း လာရောက် ဝန်းရံပေးခဲ့ပါတယ်။

မုံရွာမြို့နယ်မှာတော့ ရပ်ကွက်ပေါင်း ၃၁ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၅၄ အုပ်စုနဲ့ကျေးရွာပေါင်း ၁၇၁ ရွာရှိခဲ့ပြီး မဲပေးနိုင်တဲ့ဦးရေဟာ နှစ်သိန်းလေးသောင်ကျော်ရှိကာ မဲရုံပေါင်း ၁၅၉ ရုံဖွင့်လှစ်ခဲ့ပါတယ်။

မဲရုံလုံခြံုရေးကိုလည်း ရဲတပ်ဖွဲ့ဝင် ၆၆၈ ဦးနဲ့ဆောင်ရွက်ခဲ့ကြပါတယ်။

မုံရွာမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီနဲ့   ပြည်သူ့ဒီမိုကရေစီပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

မုံရွာမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲရလာဒ်ကတော့ လူထုနဲ့ တစ်ထပ်တည်းကျခဲ့ပါတယ်။

ဒါပေမယ့်လည်း မဲလာရောက်မပေးသူအချို့လည်း အကြောင်းအမျိုးမျိုးကြောင့် ရှိနေပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly