မုန်တိုင်းကျပြီးနောက် ရေဘေးကြံုနေသည့် သြစတြေးလျတွင် နှစ်ဦးသေဆုံးကာ လေးဦး ပျောက်ဆုံးနေ

မုန်တိုင်းကျပြီးနောက် ရေဘေးကြံုနေသည့် သြစတြေးလျတွင် နှစ်ဦးသေဆုံးကာ လေးဦး ပျောက်ဆုံးနေ

ဆစ်ဒနီ၊ ဧပြီ ၁ ။            ။ ဆိုင်ကလုန်းမုန်တိုင်း ဒက်ဘီ တိုက်ခတ်ခဲ့သည့် သြစတြေးလျနိုင်ငံတွင် ပြည်နယ်နှစ်ခု၌ မြစ်ရေကြီးမှု ဆက်လက်မြင့်တက်လျက်ရှိပြီး ရေကြီးမှုအတွင်း အမျိုးသမီးနှစ်ဦး သေဆုံးကာ လူလေးဦး ပျောက်ဆုံးလျက်ရှိသည်။

ရော့ခ်ဟမ်တန်မြို့တွင် မြစ်ရေမြင့်တက်မည့် ခြိမ်းခြောက်မှု ကြံုနေရစဉ် ကွင်းစလန်ရဲဌာနက လိုဂန်မြစ်ရေက စိုးရိမ်ရေမှတ်အထိ ရောက်ရှိမည်ဖြစ်ကြောင်း သတိပေးထားသည်။

လိုဂန်မြစ်ဝန်းကျင်ဒေသများတွင် ဘေးအန္တရာယ် စိုးရိမ်ရကြောင်း ရဲမင်းကြီး စတီးဝပ်က သတိပေးသည်။ လူဦးရေ ရှစ်သောင်းကျော်ရှိသော ရော့ခ်ဟမ်တန်မြို့က ဖစ်ဇာရိုင်းမြစ်ကြောင့် ရာစုနှစ်အတွင်း မကြံဖူးသည့် ရေကြီးရေလွှမ်းမှု ဖြစ်လာနိုင်ကြောင်း စတီးဝပ်က ဆိုပြီး အနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ရွှေ့ပြောင်းကြရန် တိုက်တွန်းထားသည်။

“ဧပြီ ၅ ရက်အထိ ရော့ခ်ဟမ်တန်မြို့မှာ ရေကြီးရေလွှမ်းမှု ဖြစ်နိုင်တာအတွက် စိုးရိမ်ရတယ်။ မြစ်ရေက တစ်ဖြည်းဖြည်း မြင့်တက်နေတယ်။ ကျွန်တော်အနေနဲ့ ခုပဲ လူတွေကို ပြောင်းရွှေ့ဖို့ တိုက်တွန်းလိုတယ်။”ဟု ၎င်းက ဆိုသည်။

ကွင်းစလန်ရဲဌာနကလည်း “အသက် ရ၇ နှစ်အရွယ် အဘိုးအိုတစ်ဦး အပါအဝင် လူလေးဦး ပျောက်ဆုံးနေဆဲဖြစ်၍ စိုးရိမ်ပူပန်ရကြောင်း” တွစ်တာတွင် ရေးသားထားသည်။

ကွင်းစလန်နှင့် နယူးဆောက်ဝေးလ်ပြည်နယ်များက မြို့များမှ လူပေါင်း ထောင်ပေါင်းများစွာလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly