အမေရိကန်တွင် မိုးပျံအဝေးပြေးလမ်းတစ်လမ်း၌ မီးကြီးလောင်ကာ ပြိုကျမှုဖြစ်

အမေရိကန်တွင် မိုးပျံအဝေးပြေးလမ်းတစ်လမ်း၌ မီးကြီးလောင်ကာ ပြိုကျမှုဖြစ်

နယူးယောက်၊ မတ် ၃၁ ။            ။ အမေရိကန်နိုင်ငံက အက်လန်တာမြို့တွင် မတ် ၃၀ ရက် ညနေပိုင်းက မိုးပျံအဝေးပြေးလမ်းတစ်လမ်း မီးလောင်မှုဖြစ်၍ လမ်း၏အစိတ်အပိုင်း ကြီးကြီးမားမား ပြိုကျမှုဖြစ်ပွားသည်။

ပြည်နယ်ချင်းဆက် အမှတ် ၈၅ မိုးပျံအဝေးပြေးလမ်းမကြီး၌ လောင်ကျွမ်းသည့် မီးတောက်ကြီးက အထက်တော်တော်အမြင့်ထိ ထိုးတက်သည်။

ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် ဒေသစံတော်ချိန် ခုနစ်နာရီခွဲခန့်၌ လမ်း၏ အစိတ်အပိုင်းတစ်ရပ် ပြိုကျကြောင်း သတင်းများတွင် ဖော်ပြသည်။

မီးခိုးလုံးမည်းကြီးများကြောင့် မုန်တိုင်း တိုက်လာသည်ဟုတောင် ထင်မှတ်မိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါမီးလောင်မှု၌ ထိခိုက်သေဆုံးမှုသတင်း လတ်တလော မသိရသေးပေ။

သို့သော် ယင်းမီးကြောင့် ယာဉ်ကြောပိတ်ခြင်းနှင့် လမ်းများ ပိတ်ဆို့ခြင်း ကြီးကြီးမားမား ဖြစ်ပေါ်ပြီး ယာဉ်များမှာ နာရီများစွာ ရပ်တန့်နေခဲ့ရသည်။

ဂျော်ဂျီယာပြည်နယ်အုပ်ချုပ်ရေးမှုး နာသန်ဒီရာယ်က အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

မီးလောင်မှုမှာ အဆိုပါလမ်းပိုင်းအောက်တွင် မြုပ်နှံထားသော လောင်စာပိုက်လိုင်းက စလောင်ဖွယ်ရှိသည်ဟု ၎င်းကပြောသော်လည်း မည်သည့်အတွက်ကြောင့် ယင်းနေရာတွင် ပိုက်လိုင်းမြုပ်နှံထားခြင်းကို သေချာမသိရပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly