ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ မြန်မာစစ်တပ် ယူနီဖောင်း အစုံ ၂၀၀ နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ မြန်မာစစ်တပ် ယူနီဖောင်း အစုံ ၂၀၀ နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မတ် ၃၁ ။          ။ မြန်မာစစ်တပ် ယူနီဖောင်း အစုံ ၂၀၀ နှင့် အခြား ဆက်စပ်ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ Cox's Bazar ရှိ ဆိပ်ကမ်းတစ်ခု၌ အကောက်ခွန်တာဝန်ရှိသူများက ဖမ်းဆီးသိမ်းဆည်းမိခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် အကောက်ခွန်အရာရှိတို့ သိမ်းဆည်းရမိခဲ့သည်ဆိုသော ပစ္စည်းများထဲတွင် မြန်မာစစ်ယူနီဖောင်း အစုံ ၂၀၀ ၊ အိတ် ၁၈၆ အိတ်၊ ခါးပတ် ၄၅၂ ခု၊ ကျည်ထည့်အိတ် ၁၈ ခု နှင့် ဦးထုပ် အလုံး ၅၀ တို့ ဖြစ်ကြောင်း သိရသည်။

အလားတူ ကြိုးသိုင်းဖိနပ်များ၊ ငါးခြောက်များ၊ မန်ကျည်းစေ့များနှင့် ချဉ်ဖတ်များကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

မတ်လ ၂၉ ရက် စီးနင်းမှုတစ်ခုတွင် ယခုပစ္စည်းများကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ စစ်ယူနီဖောင်းများမှာ နိုင်ငံတွင်းသို့ မှောင်ခိုတင်သွင်းလာခြင်း ဖြစ်ကြောင်း Teknaf ဆိပ်ကမ်းမှ အကောက်ခွန်အရာရှိ မိုရှာရက်ဖ် ဟူစိန် ဆီလင်မ် က ပြောသည်။

Rahman Trading နှင့် SR Trading တို့မှ ငါးခြောက်၊ မန်ကျည်းစေ့များနှင့် ချဉ်ဖတ်များဟု ဆိုပြီး တင်သွင်းလာသော သွင်းကုန်များထဲတွင် ယခုကဲ့သို့ စစ်တပ်ယူနီဖောင်းများကို   တွေ့ရှိရခြင်းဖြစ်ကြောင်းလည်း သိရသည်။

အကောက်ခွန်အရာရှိများ၏ ပြောကြားချက်အရ ယခု စစ်ယူနီဖောင်းများကို တင်သွင်းခဲ့သူဟု သိရသည့် လူငယ်တစ်ဦးကို ထိ်န်းသိမ်းထားလို်က်ပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly