အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး ဧပြီလတွင် ကျင်းပမည်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး ဧပြီလတွင် ကျင်းပမည်

မတ် ၃၁ ။             ။ အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေးတစ်ရပ်ကို ဧပြီလထဲတွင် ကျင်းပရန် ရှိနေရာ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံကြီးနှစ်ခု၏ ခေါင်းဆောင်နှစ်ဦးအကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ဆုံတွေ့သွားရန် ရှိနေပြီ ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် တွေ့ဆုံမည့် လာမည့် အစည်းအဝေးတွင်မူ  ဆွေးနွေးမည့်ကိစ္စများ အဆင်ပြေချောမွေ့နိုင်ရေးအတွက် မလွယ်ကူနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာမှတဆင့် ကြိုတင်ပြောကြားလိုက်သည်။

" တရုတ်တို့နဲ့ နောက်တစ်ပတ်ထဲမှာ တွေ့မယ့် အစည်းအဝေးက ခက်ခဲတဲ့ အစည်းအဝေးတစ်ခု ဖြစ်လာပါလိမ့်မယ်၊ လောလောဆယ်မှာတော့ ကျွန်တော်တို့နိုင်ငံမှာက ကုန်သွယ်မှုလိုငွေ ကြီးကြီးမားမား မရှိတော့သလို အလုပ်အကိုင်ဆုံးရှုံးမှုတွေလည်း များများစားစား မရှိနိုင်တော့ပါဘူး" ဟု ထရမ့်က ပြောကြားသည်။

အဆိုပါ အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေးကို လာမည့် ဧပြီ ၆ ရက်နှင့် ရ ရက်တို့၌ ဖလော်ရီဒါပြည်နယ် Mar-a-Lago အပန်းဖြေစခန်းတွင် ကျင်းပမည်ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက အတည်ပြုပြောကြားထားသည်။

အဆိုပါအစည်းအဝေးတွင် နှစ်နိုင်ငံ ခေါင်းဆောင်ကြီးများအနေဖြင့် ကမ္ဘာ့အရေး၊ ဒေသတွင်းအရေး ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly