ဗင်းနစ်မြို့ရှိ အထင်ကရ တံတားတစ်စင်းကို ဖောက်ခွဲဖျက်ဆီးမည့် အကြံအစည် အီတလီရဲများ ဟန့်တား

ဗင်းနစ်မြို့ရှိ အထင်ကရ တံတားတစ်စင်းကို ဖောက်ခွဲဖျက်ဆီးမည့် အကြံအစည် အီတလီရဲများ ဟန့်တား

မတ် ၃၁ ။         ။ အီတလီနိုင်ငံ၏ နာမည်ကျော် ဗင်းနစ်မြို့မှ အထင်ကရ တံတားတစ်စင်းဖြစ်သော Rialto တံတားကို ဖောက်ခွဲဖျက်ဆီးရန် ကြံစည်နေခဲ့သည်ဟု သံသယရှိရသော အမျိုးသားလေးဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားသည်။

ဖမ်းဆီးထားသော အမျိုးသားများအနက် သုံးဦးမှာ ကိုဆိုဗို မှ ဖြစ်ကြောင်း သိရပြီး ၎င်းတို့မှာ ယခုကိစ္စတွင် အခြားအမျိုးသားတစ်ဦးနှင့် ပူးပေါင်းကြံစည်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့မှာ တံတားအောက်တွင် ဗုံးထောင်ကာ ဖောက်ခွဲပစ်ရန်အကြံအစည် ရှိခဲ့ကြကြောင်းလည်း စုံစမ်းသိရှိရသည်။

" ခုလို အချိန်မီသိလိုက်ရတော့ တော်သေးတာပေါ့၊ သူတို့ အကြံအစည်က တော်တော်လေးကို ကြောက်စရာကောင်းခဲ့ပါတယ်" ဟု ဗင်းနစ်မြို့မှ အစိုးရရှေ့နေတစ်ဦးက ပြောသည်။ ယခု ဖမ်းမိထားသူ အုပ်စုမှာ ယမန်နှစ်ကတည်းက မသင်္ကာ၍ စောင့်ကြည့်ထားခဲ့ရကြောင်းလည်း သိရသည်။

အီတလီရဲတပ်ဖွဲ့အနေဖြင့် ကမ္ဘာပေါ်တွင် အစည်ကားဆုံးသော ယင်းမြို့ရှိ နေရာ ၁၂ လောက်ထိ ၀င်ရောက်စီးနင်းမှုများ လုပ်ဆောင်ခဲ့ရပြီး ယခုကဲ့သို့ သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့့ခြင်းဖြစ်သည်။

Rialto တံတားမှာ ဗင်းနစ်မြို့မှ Grand တူးမြောင်းကို ဖြတ်ကာ ဆောက်လုပ်ထားသည့် တံတားလေးစင်းအနက် သက်တမ်းအကြာဆုံး တံတားလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly