ဗင်နီဇွဲလားတွင် အစားအစာဝယ်ယူရန် စူပါမားကတ်ရှေ့မှာ ငါးနာရီကြာ တန်းစီစောင့်ခဲ့ရသည့် အမျိုးသားတစ်ဦး နှလုံးဖောက် သေဆုံး

ဗင်နီဇွဲလားတွင် အစားအစာဝယ်ယူရန် စူပါမားကတ်ရှေ့မှာ ငါးနာရီကြာ တန်းစီစောင့်ခဲ့ရသည့် အမျိုးသားတစ်ဦး နှလုံးဖောက် သေဆုံး

မတ် ၃၁ ။          ။ ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကာရာကက်စ်ရှိ စူပါမားကတ်တစ်ခုရှေ့၌ အစားအစာဝယ်ယူရန် ငါးနာရီကြာ တန်းစီစောင့်ဆိုင်းခဲ့ရသည့်  အမျိုးသားတစ်ဦး   နှလုံးဖောက်ပြန်ကာ   သေဆုံးသွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အခြေခံစားသောက်ကုန်ပစ္စည်းများ ရှားပါးနေလျက်ရှိသော ယင်းနိုင်ငံတွင် ပြည်သူများမှာ စားသောက်ကုန်ပစ္စည်းများဝယ်ယူရန် ယခုကဲ့သို့ စျေးဆိုင်များရှေ့တွင် တန်းစီ စောင့်ဆိုင်းဝယ်ယူနေရခြင်းမျိုးဖြင့် တွေ့ကြံုနေရလျက်ရှိသည်။

ယခု သေဆုံးသွားသော အမျိုးသားမှာလည်း ဂျံုမုန့်ဝယ်ယူရန် အဆိုပါ စူပါမားကတ်ရှေ့တွင် ငါးနာရီကြာအထိ တန်းစီစောင့်ဆိုင်းနေခဲ့ရင်းဖြင့် ယခုကဲ့သို့ နှလုံးဖောက်ဝေဒနာဖြင့် ရုတ်တရက် လဲကျသေဆုံးသွားခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရသည်။

" ဒါ နိုင်ငံမှာ စားသောက်ကုန် ရှားပါးမှု ၊ ဆာလောင်မွတ်သိပ်မှု စတဲ့ ပြဿနာတွေကြောင့် ဖြစ်ရတာပေါ့၊ ဘာလို့လဲဆိုတော့ ဒီလူက ဒီမှာ ဂျံုမုန့်လာဝယ်ဖို့ မနက်စာတောင် မစားခဲ့ရသေးဘဲ လာတန်းစီစောင့်နေခဲ့တာပါ၊ သူ ၀ယ်ရမယ့် အလှည့်ရောက်ဖို့ ငါးနာရီတောင် စောင့်ခဲ့ရတယ်၊ သူနေမကောင်းဘူး၊ စိတ်သောကလည်း ရောက်နေပုံရပါတယ်၊ ဒါကြောင့် ခုလို ရုတ်တရက်လဲကျသေဆုံးသွားတာပါ" ဟု ယင်းနိုင်ငံသူ အမျိုးသမီးတစ်ဦးက သုံးသပ်ပြောကြားသွားသည်။

သေဆုံးသွားသော အဆိုပါအမျိုးသားမှာ တန်းစီစောင့်ရင်း မဟန်နိုင်တော့သည့်အဆုံး ရဲများနှင့် စူပါမားကတ်ပိုင်ရှင်ထံ အကူအညီတောင်းရန် ကြိုးစားခဲ့သော်လည်း လျစ်လှူရှုခံခဲ့ရကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly