အာကာသထဲ၌ အများဆုံး လမ်းလျှောက်နိုင်သည့် အမျိုးသမီး စံချိန်ကို ချိုးဖျက်ခဲ့သော အမေရိကန်အာကာသယာဉ်မှူး

အာကာသထဲ၌ အများဆုံး လမ်းလျှောက်နိုင်သည့် အမျိုးသမီး စံချိန်ကို ချိုးဖျက်ခဲ့သော အမေရိကန်အာကာသယာဉ်မှူး

 မတ် ၃၁ ။              ။ အမေရိကန် အမျိုးသမီးအာကာသယာဉ်မှူး ပက်ဂီဝှတ်ဆန်သည် ပြီးခဲ့သော ကြာသာပတေးနေ့က နိုင်ငံတကာ အာကာသစခန်း အပြင်ဘက်၌ မျောလွင့်လမ်းလျှောက်ခဲ့ကာ သမိုင်းသစ်တစ်ရပ် ရေးထိုးနိုင်ခဲ့ပြီး အာကာသထဲ ၌ အကြိမ်ရေအများဆုံး လမ်းလျှောက်သော အမျိုးသမီး စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။

အသက် ၅၇ နှစ်အရွယ်ရှိ ၀ှတ်ဆန်သည် သူမ၏ အာကာသယာဉ်မှူးသက်တမ်းတစ်လျှောက် အာကာသထဲ၌ ၈ ကြိမ်မြောက် လမ်းလျှောက်ခဲ့ပြီး အစောပိုင်းက အမေရိကန်အမျိုးသမီး အာကာသယာဉ်မှူး ဆူနီဝီလီယမ် တင်ထားသော ရ ကြိမ် လမ်းလျှောက်သည့် စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။

သူမ၏ အာကာသထဲ၌ လမ်းလျှောက်မှုကို ဂရင်းနစ်စံတော်ချိန် မနက် ရ နာရီ ၂၉ မိနစ်၌ စတင်ခဲ့ပြီး နာဆာမှ သူမ၏ လုပ်ဖော်ကိုင်ဖက် ရှိန်းကင်မ်ဘရော့နှင့်အတူ အာကာသဝတ်စုံချင်း လဲလှယ်ခဲ့ကာ လေလုံခန်းထဲမှ ထွက်ခွာခဲ့ပြီး အာကာသ လေဟာနယ်ထဲသို့ ၀င်ရောက်သွားခဲ့သည်။

“ဘေးအန္တရာယ်ကင်းစွာနဲ့ အပြင်ဘက်မှာ ပျော်ရွှင်သော အချိန်တစ်ခုရရှိပါစေ။ ကျုပ် ခင်ဗျားကို စောင့်နေမယ်” ဟု ပြင်သစ်အာကာသယာဉ်မှူး သောမတ်ပက်စ်ကွတ်က သူမအားပြောခဲ့သည်။

ခြောက်နာရီခွဲခန့် ကြာမြင့်ခဲ့သော သူမ၏ အာကာသထဲ၌ လမ်းလျှောက်မှုသည့်် လာမည့်နှစ်အတွင်း ရောက်ရှိ လာမည့် စီးပွားဖြစ်အာကာသယာဉ်များအတွက် နိုင်ငံတကာအာကာသစခန်းအား ဆက်လက် အဆင့်မြှင့်နိုင်ရန် ဖြစ်သည်။

SpaceX နှင့် ဘိုးအင်း တို့သည် လောလောဆယ်တွင် အာကာသစခန်းထဲသို့ အာကာသယာဉ်မှူးများကို သယ်ဆောင်ပေးနိုင်မည့် အာကာသတက္ကစီများနှင့်   နောက်နှစ်အစောပိုင်းတွင် နိုင်ငံတကာ အာကာသစခန်းသို့ လူအများကို ပို့ဆောင်ပေးနိုင်ရန် ဒီဇိုင်းရေးဆွဲနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly