သြစတြေးလျတွင် မုန်တိုင်းကြောင့် သောင်တင်နေသည့် လူ ၃၀၀၀ နီးပါးအတွက် အာဏာပိုင်များက ဘေးလွတ်ရာရွှေ့ပြောင်းရေး ဆောင်ရွက်နေ

သြစတြေးလျတွင် မုန်တိုင်းကြောင့် သောင်တင်နေသည့် လူ ၃၀၀၀ နီးပါးအတွက် အာဏာပိုင်များက ဘေးလွတ်ရာရွှေ့ပြောင်းရေး ဆောင်ရွက်နေ

ဆစ်ဒနီ၊ မတ် ၃၁ ။               ။ သြစတြေးလျနိုင်ငံတွင် မတ် ၂၈ ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်း ဒက်ဘီတိုက်ခိုက်သွားပြီးနောက်တွင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရာ ဝတ်ဆန်းဒေးကျွန်းစုများတွင် သောင်တင်နေသူ ၃၀၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရေးအတွက် အာဏာပိုင်များ စီစဉ်လုပ်ဆောင်လျက်ရှိနေသည်။

ဂရိတ်ဘာရီသန္တာကျောက်တန်းများရှိရာ ယင်းကျွန်းစု ရ၄ ခုတွင် ရေနှင့် အစားအစာ ပြတ်လပ်၍ ဒုက္ခကြံုနေရကြောင် သတင်းများအရ သိရသည်။

လတ်တလော၌ ဒေးဒရင်းကျွန်းတွင် ဧည့်သည်နှင့် ဟိုတယ်ဝန်ထမ်း ၄၇၁ ဦးမှာ တစ်ဦးလျှင် ရေဘူးတစ်ဘူးကျနှုန်းသာ ရှိနေပြီး လာရောက်ကူညီမည်ကို စောင့်ဆိုင်းလျက်ရှိကြောင်း၊ ယင်းကျွန်းတွင် ဆိုးဝါးသည့် ရာသီဥတုကြောင့် ကယ်ဆယ်ရေးအတွက် ခက်ခဲရှုပ်ထွေးနေရကြောင်း ဝက်ဘ်ဆိုက်သတင်းတစ်ရပ်က ဖော်ပြသည်။

ဟမ်မီတန်ကျွန်းတွင် မတ် ၂၉ ရက်က လေဆိပ်များ ပြန်လည်ဖွင့်နိုင်ပြီဖြစ်၍ ကမ္ဘာလှည့်ခရီးသွားများ နေရပ်ပြန်နိုင်ပြီဖြစ်ကာ လေကြောင်းလိုင်းများကလည်း မတ် ၃၁ ရက်အထိ ခရီးစဉ်များ တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း ဌာနဆိုင်ရာဝက်ဘ်ဆိုက်က ဖော်ပြသည်။

ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့ရာ ကွင်းစလန်ကမ်းရိုးတန်းတစ်လျှေက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းရေးနှင့် အကူအညီပေးရေး ခက်ခဲနေသည့်ကြားက အာဏာပိုင်များနှင့် ဒေသခံများက ကယ်ဆယ်ရှင်းလင်းမှု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly