ဟုမ္မလင်းတွင် ဘိန်းဖြူနှင့် တရားမဝင်သစ်များ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

ဟုမ္မလင်းတွင် ဘိန်းဖြူနှင့် တရားမဝင်သစ်များ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မတ်လ ၃၀ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း မတ် ၂၇ ရက် ညနေ ၆ နာရီခန့်တွင် ပင်ချယ်ကျေးရွာ၏ အရှေ့တောင်ဘက် ၁၀ မိုင်ခန့် အကွာ၌ တရားမဝင်သစ်များနှင့် ဘိန်းဖြူမှုန့်များ ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

တရားမဝင်ကျွန်းသစ်ခွဲသားဆိုဒ်စုံ ရ တန်ခန့်၊ ကျွန်း၊ အင်၊ ကညင်ခွဲခြမ်း ကိုးခြမ်း(ခန့်မှန်း ၃ ဒသမ ၅ တန်ခန့်)၊ မော်တော်ဆိုင်ကယ်နှစ်စီး၊ ဘိန်းဖြူမှုန့် ၁၅ ဒသမ ၃ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေ ကျပ်နှစ်သိန်းခန့်)၊ သစ်ထုတ်ရာတွင် အသုံးပြုသည့် အင်ဂျင်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ငွေစက္ကူ ရ၆၅၀၀ ကျပ်တို့ကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ သစ်များ၊ မော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ဟုမ္မလင်းမြို့နယ်၊ ရေပေါ်မီးရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly