ပေါင်‌ဒဏ်‌ရာ‌ကြောင့် လယ်‌လာနာ ၄ ပတ်‌ခန်‌့ နားရဖွယ်‌ရှိ‌နေ

ပေါင်‌ဒဏ်‌ရာ‌ကြောင့် လယ်‌လာနာ ၄ ပတ်‌ခန်‌့ နားရဖွယ်‌ရှိ‌နေ

လီဗာပူးလ်‌၊ မတ်‌ ၂၉ ။          ။ လီဗာပူးလ်‌ကွင်‌းလယ်‌လူလယ်‌လာနာသည်‌ ‌ပေါင်‌ဒဏ်‌‌ရာ‌ကြောင့် စနေနေ့ ညကစားမည်‌့ အဲဗာတန်‌နှင်‌့ မာ‌ဆေးဆိုက်‌ဒ်‌ဒါဘီပွဲစဉ်‌ကို လွဲချော်မည်‌ ‌ဖြစ်‌သည်‌့အပြင်‌ ၄ ပတ်‌ခန်‌့ အနားယူရဖွယ်‌ ရှိ‌နေသည်‌။

လယ်‌လာနာသည်‌ အဆိုပါဒဏ်‌ရာကို တနင်္ဂ‌နွေ‌ညက ကစားခဲ့သည်‌့ အင်္ဂလန် ၂-၀ လစ်သူယေးနီးယားပွဲစဉ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။ လယ်‌လာနာသည်‌ ယင်‌းပွဲတွင်‌ ဒဏ်‌ရာရရှိ‌နေသော်လည်‌း ပွဲချိန်ပြည်‌့ပါဝင်‌ ကစားခဲ့သည်‌။ ၎င်း၏ ဒဏ်‌ရာကို မဲဝုဒ်‌‌လေ့ကျင်‌့‌ရေးကွင်‌း၌ စစ်‌‌ဆေးကြည့်ရာ ထင်‌မှတ်‌ထားသည့်‌အတိုင်း ဆိုးရွား‌နေခြင်းကြောင်‌့ ၄ ပတ်‌ခန်‌့ အနားယူရမည်‌ဟု လီဗာပူးလ်‌‌ဆေးအဖွဲ့က ဆိုသည်‌။

လယ်‌လာနာသည်‌ ယခုနှစ်‌ ပရီးမီးယားလိဂ်‌တွင်‌ လီဗာပူးလ်‌အတွက်‌ ၂၇ ပွဲကစားထားပြီး ရဂိုးသွင်‌းကာ ရဂိုးဖန်‌တီး‌ပေးထားသည်‌။ ၎င်းမပါဝင်‌နိုင်‌ခြင်‌းမှာ ချန်‌ပီယံလိဂ်‌ဝင်‌ခွင်‌့မှန်းနေသည့် လီဗာပူးလ်‌အတွက်‌ ထိုးနှက်‌ချက်‌ ဖြစ်‌လာခဲ့သည်‌။

ရည်‌ညွှန်‌း - ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly