ရန်ကုန်သင်္ကြန်တွင် သရုပ်ပျက် ဝတ်စားဆင်ယင်သည့် မိန်းကလေးများ အရေးယူခံရမည်

ရန်ကုန်သင်္ကြန်တွင် သရုပ်ပျက် ဝတ်စားဆင်ယင်သည့် မိန်းကလေးများ အရေးယူခံရမည်
(ဓာတ်ပုံ-အီးပီအေ)

ရန်ကုန်၊ မတ် ၂၉ ။         ။ ယခုနှစ် ရန်ကုန်မဟာသင်္ကြန်တွင် မိန်းကလေးများ သရုပ်ပျက် ဝတ်စားဆင်ယင်ပျော်ပါးမှုများ တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြောရေးဆိုခွင့်ရှိသူ ရဲမှူးလှဝေကပြောသည်။

အဆိုပါ အရေးယူမည့်အကြောင်းကို ရန်ကုန်တိုင်းဒေသကြီး တိုင်းလွှတ်တော်ရုံးတွင် မတ် လ ၂၉ ရက်နေ့က ကျင်းပသည့် သင်္ကြန်တွင်း မှုခင်းကြိုတင်ကာကွယ်ခြင်း၊ လုံခြုံရေးဆောင်ရွက်မည့်လုပ်ငန်းများ အစည်းဝေးပွဲတွင် ပြောကြားသွားခြင်းဖြစ်သည်။

“ကိုယ့်မြန်မာလူမျိုးကျင်းပတဲ့ဟာကို သရုပ်ပျက်ဝတ်စားဆင်ယင်ပြီး ရှင်းရှင်းပြောရရင် ယိုသူမရှက် မြင်သူရှက်ပေါ့။ ဘယ်လိုအရေးယူရမလဲဆိုတော့ ပြည်သူလူထုကို ညစ်ညစ်ညမ်းညမ်းဖြစ်လာရင်တော့ သက်ဆိုင်ရာတွေက အရေးယူရမှာပေါ့" ဟု ၎င်းကပြောသည်။

မိန်းကလေးများ အနေဖြင့် မဏ္ဍပ်ပေါ်သာမက သင်္ကြန်လည်ပတ်ရာတွင်လည်း သရုပ်ပျက်စေနိုင်သော ဝတ်စားဆင်ယင်မှုများတွေ့ရှိပါက အရေးယူသွားမည်ဖြစ်သည်။

၂၀၁၆ ရန်ကုန်သင်္ကြန်တွင် သရုပ်ပျက်ဝတ်စားဆင်ယင်မှုဖြင့် ဖျော်ဖြေခဲ့သည့် မဏ္ဍပ် ၃ ခုရှိခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly