အီးယူကနေ ဗြိတိန်နှုတ်ထွက်မှု စတင်မည့် ကြေညာစာကို ၀န်ကြီးချုပ် ထရီဇာမေ လက်မှတ်ထိုး

အီးယူကနေ ဗြိတိန်နှုတ်ထွက်မှု စတင်မည့် ကြေညာစာကို ၀န်ကြီးချုပ် ထရီဇာမေ လက်မှတ်ထိုး

မတ် ၂၉ ။                 ။ အီးယူကနေ ဗြိတိန်နှုတ်ထွက်မှု စတင်သွားတော့မည့် သမိုင်းဝင် စာတစ်စောင်ကို ယခုအခါ ၀န်ကြီးချုပ် ထရီဇာမေက လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားသည်။

ယခုအခါ ဗြိတိန်အစိုးရအဖွဲ့အနေဖြင့် အဆိုပါ ၀န်ကြီးချုပ် လက်မှတ်ထိုးထားသည့် စာကို မတ်လ ၂၉ ရက် တွင် ဥရောပသမဂ္ဂ ဥက္ကဌ ဒေါ်နယ်တက်ခ် ထံသို့ ပေးအပ်သွားမည် ဖြစ်ပြီး နှစ်ပေါင်း ၄၄ နှစ်ကြာ အဖွဲ့ဝင်ဖြစ်ခဲ့သည့် အီးယူအုပ်စုတွင်းမှာ ဗြိတိန်တို့ နှုတ်ထွက်တော့မည့်အကြောင်းကို အီးယူထံသို့ တရားဝင် အသိပေးတော့မည် ဖြစ်သည်။

တစ်ချိန်တည်းတွင်မှာလည်း ယခုအခါ စကော့တလန်တို့အနေဖြင့် လွတ်လပ်ရေး လူထုဆန္ဒခံယူပွဲသစ်တစ်ရပ်ကို ကျင်းပရန် ရှိနေချိန် ၀န်ကြီချုပ် ထရီဇာမေက ပြည်သူ အားလုံး စည်းလုံးညီညွတ်ကြရန် တိုက်တွန်းတောင်းဆိုသွားသည်။

စကော့တလန်တို့အနေဖြင့် လက်ရှိအချိန်တွင် ဒုတိယအကြိမ်မြောက် ခွဲထွက်ရေး ဆန္ဒခံယူပွဲ ကျင်းပရန် လုပ်ဆောင်ရမည့်အချိန်မဟုတ်ကြောင်း ၀န်ကြီးချုပ် မေက အစောပိုင်းကတည်းက ပြောကြားထားခဲ့သည်။

မတ်လ ၂၉ ရက်က ပါလီမန် မိန့်ခွန်းပြောကြားရာ၌လည်း ၀န်ကြီးချုပ် မေ အနေဖြင့် အီးယူကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်မှုနဲ့ပတ်သက်၍ အမျိုးမျိုး သဘောကွဲလွဲနေသော်ငြားလည်း ပြည်သူများကိုယ်တိုင် မဲပေးဆုံးဖြတ်ခဲ့ကြသည့် ရလဒ်အတိုင်း ဖော်ဆောင်သွားရေး တိုက်တွန်းပြောကြားသွားရန် ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly