ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် အခွန်ငွေ ဘတ် ၁၇ ဘီလီယံပေးဆောင်ဖို့ ညွှန်ကြားခံရ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် အခွန်ငွေ ဘတ် ၁၇ ဘီလီယံပေးဆောင်ဖို့ ညွှန်ကြားခံရ

မတ် ၂၈ ။             ။ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာအနေနဲ့ အစိုးရထံ ပေးဆောင်ရမယ့် အခွန်ကြွေးကျန် ဘတ် ၁၇ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၅၁၂ သန်း) ထိ ရှိနေပြီး ယင်းတို့ကို ယခု   ပေးဆောင်သွားရလိမ့်မယ်ဆိုပြီး ထိုင်းအကောက်ခွန်ဝန်ကြီးဌာနက မတ်လ ၂၇ ရက်တုန်းက ထုတ်ပြန်ညွှန်ကြားခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

သက်ဆင် ထူထောင်ခဲ့တဲ့ Shin Corp လုပ်ငန်းကို ၂၀၀၆ ခုနှစ်က လွှဲပြောင်းရောင်းချခဲ့စဉ်က ယခု အခွန်ငွေတွေကို ပေးဆောင်ဖို့ ကျန်နေတာဖြစ်တယ်လို့ သိရပါတယ်။

၀န်ကြီးချုပ်ဟောင်း သက်ဆင်အနေနဲ့ ယခုကိစ္စနဲ့ စပ်လျဉ်းလို့ သတိပေးစာရပြီး ရက်ပေါင်းသုံးဆယ်အတွင်း အယူခံဝင်ခွင့်ရှိမယ်လို့လည်း သိရပါတယ်။ တကယ်လို့ အယူခံ ပယ်ချခံရရင်လည်း ၎င်းအနေနဲ့ ဗဟိုအကောက်အခွန် တရားရုံး ထိတက်ရောက်နိုင်ကြောင်းလည်း သိရပါတယ်။

ထိုင်းဘဏ္ဍာအခွန် ၀န်ကြီးဌာနရဲ့ အဆိုအရ သက်ဆင်တို့ မိသားစုအနေနဲ့ Shin Corp ရဲ့ အစုရှယ်ယာ ၄၉ ဒသမ ၆ ရာခိုင်နှုန်းကို ၂၀၀၆ ခုနှစ်က ရောင်းချခဲ့စဉ်က ထိုင်းဘတ် ရ၃ ဘီလီယံထိ ရရှိထားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly