မိန်းကလေးများ သူစိမ်းတွေ ကျွေးတာစားပြီး သင်္ကြန်မလည်ဖို့ ရဲတပ်ဖွဲ့သတိပေး

မိန်းကလေးများ သူစိမ်းတွေ ကျွေးတာစားပြီး သင်္ကြန်မလည်ဖို့ ရဲတပ်ဖွဲ့သတိပေး
၂၀၁၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပသည့် မြန်မာအတာတန်ခူးလ ရေကစားပွဲတော်အားတွေ့မြင်ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ အဖွဲ့

မတ်လ ၂၇ ။         ။ သင်္ကြန်ကာလအတွင်း မှုခင်းများမဖြစ်ပွားစေရန် မိန်းကလေးများ လိုက်နာသင့်သော အချက်များ အပါအဝင် ပြည်သူများ သတိပြုရှောင်ကြဉ်ရမည့်အချက်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထား သည်။

သင်္ကြန်ပွဲတော်အတွင်း မိန်းကလေးများ ဆွေမျိုးသားချင်း မဟုတ်သူများနှင့်အတူ လည်ပတ် ခြင်း၊ ၎င်းတို့မှ ကျွေးသော အစားအသောက်များကို မချင့်မချိန် စားသောက်ခြင်းများ အပါအဝင် လိုက်နာရန်အချက်များ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အရက်သေစာ လွန်ကဲစွာ သောက်စားမူးယစ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊တုတ်၊ ဓား လက်နက်များ ဝှက်သိမ်းကိုင်ဆောင်ခြင်း၊ကာမရာဂကို နိုးထစေသော ဆေးများရောင်းချခြင်းနှင့် ဝယ်ယူသုံးစွဲခြင်း၊   မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသည့် ဝတ်စားဆင်ယင်ခြင်း အချိန်လွန်ရေပက်ကစားခြင်း နှင့် လည်ပတ်ခြင်း၊ ရေပက်ကစားပြီး နားသည့်အချိန်၌ ဆိတ်ကွယ်ရာ၌ အနားယူခြင်း၊ အရက်သေစာ မူးယစ်ဆေးဝါးသောက်စားခြင်း၊ ဝန်ပိုများတင်ဆောင်၍ မော်တော်ယာဉ်များ မောင်းနှင်ခြင်း၊ ရေပက်ကစားသူအချင်းချင်း နောက်ပြောင်ကျီစယ်လွန်ခြင်း၊ သင်္ကြန်ကာလအတွင်း အရက်မူးပြီး   ရေကန်၊ ချောင်းများ၌ ရေကူးခြင်းနှင့် ရေချိုးခြင်း၊ ရေကစားရာတွင် ယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြီး အများအမြင်တွင် မတင့်တယ်သော မဖွယ်မရာ ပုံစံပြုလုပ်ထားသည့် ရေပက်ကိရိယာများနှင့် ရေပက်ကစားခြင်းများ ပါ၀င်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly