ပဲခူးတိုင်း၊ ပြည်မြို့ ရွှေပြည်စံဇာတ်အဖွဲ့ တင်လာသောကားတစ်စီး ရခိုင်ပြည်နယ်၊ တောင်ကုတ်မှအပြန် မိုးထိတောင် ပဲခူးညောင်ချိုးအနီး ယနေ့ မတ်လ ၂၇ရက် နေ့လည် ၂း ၄၅ အချိန်တွင် တိမ်းမှောက်ခဲ့သည်။
ယဉ်တိမ်းမှောက်မှုကြောင့် ဇာတ်အဖွဲ့သားနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁၈ ဦးဒဏ်ရာရရှိကာ ဥသျှစ်ပင်ဆေးရုံတွင်ကုသခဲ့ရသည်။ အသက်အန္တရာယ်စိုးရိမ်ရသော လူနာအချို့အား ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွေ့ကုသနေကြောင်း သတင်းရရှိပါသည်။