အာဆင်နယ်နှင့် အနာဂါတ်ကို မကြာမီဆုံးဖြတ်မည်ဟု အိုဇေးလ်ပြော

အာဆင်နယ်နှင့် အနာဂါတ်ကို မကြာမီဆုံးဖြတ်မည်ဟု အိုဇေးလ်ပြော

မတ် ၂၇၊ လန်ဒန်။             ။ အနာဂါတ်အတွက် အာဆင်နယ်အသင်းနှင့် ဆွေးနွေးမည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဖြစ်၊ မချုပ်ဖြစ်ကို မကြာမီဆုံးဖြတ်သွားမည်ဟု အိုဇေးလ်က ပြောသည်။

ဂျာမန်ကွင်းလယ်တိုက်စစ်သမား၏ စာချုပ်မှာ ၂၀၁၈ နွေရာသီတွင်ကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေရာသီတွင် အမ်းမရိတ်စ်မှ ထွက်ခွာဖွယ်ရှိသည်ဟု သတင်းများပျံ့နှံ့နေသည်။

သို့သော် အိုဇေးလ်က အာဆင်နယ်အသင်းနှင့်အဆင်ပြေနေကြောင်း၊ ချန်ပီယံလိဂ်ဝင်ခွင့်ထိခိုက်နိုင်သည့် မကြာသေးခင်က အခြေအနေများကိုပြောင်းပစ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

အိုဇေးလ်က “အာစင်ဝင်းဂါးအနေနဲ့ ကျွန်တော့်အနာဂါတ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုမပြောရသေးခင် ဂျာနယ်လစ်တွေကို ပြောပြလိမ့်မယ်ထင်လား။ ကျွန်တော်သူ့အကြောင်း တော်တော်သိပါတယ်။

လန်ဒန်မှာကျွန်တော့်စာချုပ်က ၂၀၁၈ ထိကျန်နေသေးပြီး အဆင်လည်းပြေနေပါတယ်။ မကြာခင်ကျွန်တော်တို့ ဆွေးနွေး ဆုံးဖြတ်ကြမှာပါ။

ကျွန်တော့်အိပ်မက်က ချန်ပီယံလိဂ်ဖလားရဖို့ပါ။ အာဆင်နယ်နဲ့ ဘာလို့မရနိုင်ရမှာလဲ။ လက်ရှိမှာ လိဂ်အဆင့် ၆ နေရာနဲ့ ကျေနပ်စရာမဟုတ်တာတော့ မှန်ပါတယ်။

ဒါပေမဲ့ မကြာခင်ကျွန်တော်တို့ အမိအရဖမ်းဆုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အနာဂါတ်မှာဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”ဟု ဂျာမန်သတင်းစာ ဒါဝဲ့တ်သို့ပြောသည်။

Ref; skysports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags