လူထုအကြား စိတ်ဝမ်းကွဲနေမှုတွေကို စေ့စပ်သွားမယ်လို့ ဟောင်ကောင် ခေါင်းဆောင်သစ် ပြော

လူထုအကြား စိတ်ဝမ်းကွဲနေမှုတွေကို စေ့စပ်သွားမယ်လို့ ဟောင်ကောင် ခေါင်းဆောင်သစ် ပြော

မတ် ၂၇ ။                ။ ဟောင်ကောင်ဒေသရဲ့ ခေါင်းဆောင်သစ်အဖြစ် တရုတ်အစိုးရ လိုလားတဲ့ ကယ်ရီလမ်ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ ဒေသရဲ့ ပထမဆုံးအမျိုးသမီး ခေါင်းဆောင်ဖြစ်လာတဲ့ ကယ်ရီလမ် ကတော့ ဒေသတွင်း နိုင်ငံရေး အကွဲအပြဲတွေကို ပြန်လည် စေ့စပ်သွားပေးမယ်လို့ ပြောကြားလိုက်ပါတယ်။

၁၉၉၇ ခုနှစ်က ဗြိတိန်ကိုလိုနီ အဖြစ်မှ တရုတ်တို့ထံ ပြန်လည် လွှဲပြောင်းပေးလိုက်ပြီးကတည်းက ဟောင်ကောင်ဟာ တရုတ်တို့ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ   ဒေသတစ်ခုအဖြစ် ရပ်တည်နေလျက်ရှိပါတယ်။

သို့ပေမယ့်လည်း နှစ်ပေါင်းနှစ်ဆယ်ကြာလာခဲ့ပြီးနောက် တရုတ်အစိုးရအနေနဲ့ ဟောင်ကောင်တို့ရဲ့ ရပ်တည်ချက်ကို အကာအကွယ်ပေးတဲ့အနေနဲ့ ဖန်တီးရေးဆွဲခဲ့့တဲ့ လွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်ကို လျစ်လျူရှုနေခြင်းအပေါ် စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်လာနေလျက်ရှိပါတယ်။

ယခု ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ အမျိုးသမီးခေါင်းဆောင် လမ်ကိုတော့ တရုတ်အစိုးရလိုလားတဲ့ ရွေးချယ်ရေးကော်မတီက တင်မြှောက်ခဲ့တာဖြစ်ပါတယ်။

ဝေဖန်သူတွေကတော့ သူမဟာ ဒေသ၏ အကွဲအပြဲများကို ပိုဆိုးသွားစေနိုင်မယ့်သူလို့ ပြောကြားထားပေးမယ့် လမ်က တော့ ဟောင်ကောင်ကို စုစည်းညီညွတ်စေမယ်လို့ ကြံုးဝါးထားပါတယ်။

" ကျွန်မတို့ ဒေသဖြစ်တဲ့ ဟောင်ကောင်ဟာ ကြီးမားတဲ့ အကွဲအပြဲတွေနဲ့ ကြံုတွေ့နေရပါတယ်၊ ကျွန်မရဲ့ ဦးစားပေးကိစ္စက ဒီကွဲလွဲမှုတွေကို ပြန်လည်ပြေငြိမ်းစေဖို့့ပါ" လို့ လမ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly