အာဖဂန်နစ္စတန်၌ အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆင့်မြင့် အယ်လ်ကေးဒါးခေါင်းဆောင် သေဆုံး

အာဖဂန်နစ္စတန်၌ အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆင့်မြင့် အယ်လ်ကေးဒါးခေါင်းဆောင် သေဆုံး

မတ် ၂၆ ။              ။ ပါကစ္စတန်နိုင်ငံအတွင်း၌ ဇိမ်ခံဟိုတယ်အား ဗုံးဖောက်ခွဲခြင်း၊ ခရစ်ကတ်အသင်းအား တိုက်ခိုက်ခြင်းတို့ အပါ အဝင် အဓိကကျသော တိုက်ခိုက်မှုများနှင့် ပက်သက်နေသည့် အဆင့်မြင့် အယ်လ်ကေးဒါးတပ်မှူးတစ်ဦးသည် အာဖဂန်နစ္စတန်၌ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြောင်း အမေရိကန်ဘက်မှ ပြီးခဲ့သော စနေနေ့တွင် ကြေညာခဲ့သည်။

ပါကစ္စတန်ရှိ တာလီဘန်အဖွဲ့ဝင်ဖြစ်သူ ကာရီယာဆင်သည် ပြီးခဲ့သော မတ်လ ၁၉ရက်နေ့က အာဖဂန်နစ္စတန် အရှေ့ပိုင်းရှိ ပက်ခ်တီကာ ခရိုင်အတွင်း သေဆုံးခဲ့ကြောင်း ပင်တဂွန်မှ ထုတ်ပြန်ခဲ့သည်။

“ကာရီယာဆင်ရဲ့ သေဆုံးမှုဟာ အစ္စလာမ်ဘာသာကို အသေရေဖျက်နေပြီး အပြစ်မဲ့တဲ့ ပြည်သူတွေကို ရည် ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေဟာ တရားဥပဒေလက်ထဲက ပြေးမလွတ်ဘူးဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်” ဟု အမေရိကန်စစ်တပ်မှ ခေါင်းဆောင် ဂျင်မ် မက်တစ်က ကြေညာချက်ထဲတွင် ပြောခဲ့သည်။

ယာဆင်သည် အူစတက်အက်စ္စလာမ် ဟူသော နာမည်အပါအဝင် နာမည်တူပေါင်းများစွာရှိပြီး လွန်ခဲ့သော ၂၀၀၈ ခုနှစ် စက်တင်ဘာ၂၀ ရက်နေ့တွင် အစ္စလာမ်မာဘတ်မြို့ရှိ မာရီရော့ဟော်တယ်၌ ဗုံးဖောက်ခွဲခဲ့ပြီး လူဒါဇင်ပေါင်းများစွာကို သေဆုံးစေခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ဒါ့အပြင်သူသည် လွန်ခဲ့သော ၂၀၀၉ ခုနှစ်က သီရိလင်္ကာခရစ်ကတ်အသင်း လိုက်ပါစီးနင်းလာသော ဘတ်စ် ကားကို တိုက်ခိုက်ခဲ့ပြီး ပါကစ္စတန်ရဲအရာရှိ ၆ ဦးနှင့် အရပ်သား ၂ ကိုသတ်ဖြတ်ခဲ့ကာ အသင်းသား ၆ ဦးကို ဒဏ်ရာရရှိစေခဲ့သော လုပ်ရပ်၏ နောက်ကွယ်မှ ညွှန်ကြားသူဟုလည်း စွပ်စွဲခံထားရသည်။

ပါကစ္စတန်နိုင်ငံ၏ အလိုရှိဆုံး ရာဇဝတ်ကောင် စာရင်းအရ သူသည် သမ္မတဟောင်း ပါဗက်ဇ်မူရှာရက်ဖ် နှင့် ၀န်ကြီးချုပ်ဟောင်း ရှာခတ်အာဇစ် တို့အား ၂၀၀၃ နှင့် ၂၀၀၄ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခဲ့ပြီး မအောင်မြင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly