တရားသူကြီး ထောက်​ခံပွဲ နှင်​့ ကန်​့ကွက်​ပွဲ တစ်​ပြိုင်​တည်​းပြုလုပ်​မည်​

တရားသူကြီး ထောက်​ခံပွဲ နှင်​့ ကန်​့ကွက်​ပွဲ တစ်​ပြိုင်​တည်​းပြုလုပ်​မည်​
ဓာတ်ပုံ-ရေခဲ(ပြည်)

မတ်လ ၂၅ ။            ။ ​ရေ​ဘေးကယ်​ဆယ်​​ရေးပစ္စည်​းများ အလွဲသုံးစားပြုမှု ၊ တိုင်​တန်​းချက်​အားပလပ်​လိုက်​သည်​့ ပြည်​မြို့နယ်​ တရားသူကြီး ​ဒေါ်​ဝေ​ဝေလှိုင်​ ကို မတ်​လ ၂၈ ရက်​တွင်​ ဆန္ဒပြကန်​့ကွက်​ပွဲနှင်​့ ​ထောက်​ခံပွဲများ တစ်​ရက်​တည်​း တစ်​ပြိုင်​နက်​ ပြုလုပ်​သွားမည်​ဖြစ်​ကြောင်​း ဆန္ဒပြပွဲစီစဉ်​သူများက ​ပြောသည်​။

​ NLD မြို့နယ်အလုပ်​မှု​ဆောင်​အဖွဲ့ဝင်​ ပြန်​ကြား​ရေးတာဝန်​ခံ ကို​ကျော်​​ကျော်​ဉာဏ်​ဝင်​းနှင့် ရေဘေးသင့်တစ်ဦးက ၂၀၁၆ ခုနှစ်​ မိုးရာသီ ​ရေကြီးချိန်​တွင်​ ​ရေ​ဘေးကယ်​ဆယ်​​ရေးပစ္စည်​းများကို အလွဲသုံးစားပြုလုပ်​သည်​ဟု စွပ်​စွဲကာ ပရဟိတ အဖွဲ့ ဝင်​ ၅ ဦးကို အလွဲသုံးစားပြုလုပ်​မှု ပုဒ်​မ ၄၀၉ ဖြင်​့ နှစ်​ကြိမ်​တိုင်​ တိုင်​တန်​းခဲ့သည်​။ သို့သော် ပြည် ​မြို့နယ်​တရားရုံးက နှစ်​ကြိမ်​လုံးပလပ်​ခဲ့သည်​။

တရားလိုဘက်​ မှ ပြည်​ခရိုင်​တရားရုံးသို့ တင်​ပြထားရာ ခရိုင်​တရားရုံးက မတ်​လ ၂၈ ရက်​တွင်​ ပြင်​ဆင်​ချက်​အမိန်​့ ချမည်​ဖြစ်​သည်​။

ထို့ကြောင့် ပရဟိတအဖွဲ့ သားများက တရားသူကြီးကို ​ထောက်​ခံပွဲ ပြုလုပ်မည်​ဖြစ်​ပြီး NLD  မြို့နယ်​အလုပ်​အမှု​ဆောင်​ အဖွဲ့ဝင်​ ဒေါ်အိ​တော နှင်​့ အဖွဲ့က တိုင်​ကြားသူဘက်​မှ​နေပြီး တရားသူကြီးကို ကန့်ကွက်​ဆန္ဒပြမည်​ဖြစ်​သည်​။

အများဆုံးဖြတ်​ချက်​အရ  စာ​ရေးကရိယာများနှင်​့ ငွေတစ်​သိန်​းကို ကယ်​ဆယ်​​ရေးစခန်​းဖွင်​့ထား​သော စာသင်​​ကျောင်​းအားလှူဒါန်​းခဲ့ပြီး အဝတ်​ထုတ်​ များကို မိုးညို ၊ သံပုရာကုန်​း ၊ ​ညောင်​ကန်​​ကျေးရွာ ​ရေ​ဘေးကယ်​ဆယ်​​ရေးစခန်​းများသို့ပြန်​လည်​လှူဒါန်​းခဲ့​ကြောင်​း ပရဟိတ အဖွဲ့သားများက ပြန်​လည်​​ဖြေရှင်​းထားသည်​။

"သူတို့ဘက်​က တရားရုံးကို ဖိအား​ပေးပြီးဆန္ဒပြမယ်​ဆို​တော့ ကျွန်တော်တို့က ထောက်​ခံပွဲလုပ်​တာပါ" ဟု ပရဟိအဖွဲ့ဝင်​များကို ဦး​ဆောင်​မည်​့ ကို​နေဇာ က ​ပြောသည်​။

တရားသူကြီးကို ကန်​့ကွက်​ဆန္ဒပြမည်​့သူ ​ဒေါ်အိ​တောက ​ရေ​ဘေးသင်​့ပြည်​သူ၂၀ ဦး၏ လက်​မှတ်​ထိုးကာ တရားဆွဲဆိုခြင်​းဖြစ်​ပြီး အများဆန္ဒအရ လှူဒါန်​းသည်​ဆိုခြင်​းကို ငြင်​းဆိုခဲ့သည်​။

"ဒီ​နေ့အထိ ပစ္စည်​း​တွေကို မည်​သူတစ်​ဦးတစ်​​ယောက်​ကိုမှ​ ဝေငှခြင်​းမရှိ​သေးပါဘူး။ ရေ​ဘေးသင်​့ ပြည်​သူ​တွေရဲ့ လက်​မှတ်​သက်​​သေအ​ထောက်​အထားကို ရုံး​တော်​ကို တင်​ပြထားပါတယ်​ ။ တရားသူကြီးက ဒီအမှုကို ပယ်​ချခဲ့တာ မမှန်​ဘူးလို့ ​ပြောချင်​ပါတယ်​" ဟု ၄င်​းကဆိုသည်​။

Nld  မြို့နယ်​အလုပ်​အမှု​ဆောင်​ ဦး​ဆောင်​သည်​့ ​တရားသူကြီးကန်​့ကွက်​ပွဲကို ပြည်​မြို့နယ်​တရားရုံး ၌ မနက်​ ၈ နာရီ ခွဲမှ ၁၁ နာရီခွဲ အထိပြုလုပ်​မည်​ဖြစ်​ပြီး  ပရဟိတအဖွဲ့ ၏ တရားသူကြီး ​ထောက်​ခံပွဲကို မနက်​ ၁၀ နာရီခွဲ ဗိုလ်​ချုပ်​​ကျောက်​ရုပ်​တွင်​ စု​ဝေးကာ ၁၁ နာရီခွဲ တရားရုံးသို့ ချီတက်​ကာ ​နေ့လည်​ ၁ နာရီခွဲအထိ ဂုဏ်​ပြု​ဟော​ပြောမှုများပြုလုပ်​မည် ​​ဖြစ်​သည်​။

​ရေ​ဘေးသင်​့ ပစ္စည်​းများကို ပရဟိတအဖွဲ့က အလွဲသုံးစားပြု​ကြောင်​း လုမှုကွန်​ယက်​တွင်​ ​ဖော်​ပြသူ nld ပြန်​ကြား​ရေးတာဝန်​ခံကို​ကျော်​​ကျော်​ ဉာဏ်​ဝင်​းကိုလည်​း ပရဟိတအဖွဲ့သားများ ၆၆ ဃဖြင့်​တရားစွဲ တိုင်​တန်းထားသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly