ဟောင်ကောင်ခေါင်းဆောင် မဲပေးရွေးချယ်မှုက အယောင်ပြခြင်းသက်သက်အဖြစ် ရှုတ်ချကာ ချီတက်ဆန္ဒပြ

ဟောင်ကောင်ခေါင်းဆောင် မဲပေးရွေးချယ်မှုက အယောင်ပြခြင်းသက်သက်အဖြစ် ရှုတ်ချကာ ချီတက်ဆန္ဒပြ

ဟောင်ကောင်၊ မတ် ၂၅ ။           ။ လာမည့် ဟောင်ကောင် ခေါင်းဆောင်အတွက် မဲပေးရွေးချယ်မှု မတိုင်မီ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများနှင့် ရာပေါင်းများစွာသော တက်ကြွလှုပ်ရှားသူများက မတ် ၂၅ ရက်တွင် ဟောင်ကောင်၌ ချီတက်ဆန္ဒပြကြသည်။

အဆိုပါ မဲပေးရွေးချယ်မှုကို အယောင်ဆောင်ဗန်းပြခြင်းသက်သက်အဖြစ် ၎င်းတို့က ပယ်ချထားသည်။

မတ် ၂၆ ရက် နံနက်ပိုင်းတွင် ဟောင်ကောင်၏ လာမည့်ခေါင်းဆောင်သစ်ကို တရုတ်ထောက်ခံသော ကော်မတီတစ်ရပ်က ရွေးချယ်မည်ဖြစ်သည်။ ခေါင်းဆောင်နေရာအတွက် တရုတ်သဘောကျသည့် ဟောင်ကောင်ဒုတိယခေါင်းဆောင်ဟောင်း Carrie Lam က ရွေးချယ်ခံရဖို့ များသော်လည်း ၎င်းအား ဒီမိုကရေစီ ထောက်ခံသူများက သဘောထားတင်းမာသူတစ်ဦးအဖြစ် သဘောကျခြင်း လုံးဝမရှိကြပေ။

ယခုရွေးချယ်မှုသည် တစ်စိတ်တစ်ဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ဒေသတွင် ၂၀၁၄ ခုနှစ်က ဒီမိုကရေစီထောက်ခံသည့် လူထုဆန္ဒပြပွဲ
ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးကျင်းပခြင်းလည်းဖြစ်သည်။

လွတ်လပ်သည့် ရွေးကောက်ပွဲ ကျင်းပပေးရေး တောင်းဆိုသည့် အဆိုပါ ဆန္ဒပြပွဲက အရေးနိမ့်ခဲ့ရပြီး ဟောင်ကောင်တွင် တရုတ်၏ ပိုမိုခြယ်လှယ်မှုများအပေါ် စိုးရိမ်မှုများ ပိုမိုကြီးထွားလာရာမှ ပေါ်ပေါက်လာခဲ့ခြင်းလည်းဖြစ်သည်။

ယခုချီတက်ဆန္ဒပြမှုတွင် တစ်ချို့သော ချီတက်ဆန္ဒပြကြသောများက ဒီမိုကရေစီလှုပ်ရှားမှု သင်္ကေတဖြစ်သည့် ထီးဝါများ ဆောင်းထားကြကာ “တရုတ်အာဏာပိုင်များက ခန့်အပ်တဲ့ ခေါင်းဆောင်ကို ဆန့်ကျင်ကြ၊ ကိုယ်ပိုင်အစိုးရအတွက် ကိုယ်တိုင် ရွေးချယ်ခွင့်ပေး။” စသည့်ဖြင့်လည်း ကြွေးကြော်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly